မုံရွာခရိုင်အတွင်း စိုက်ပျိုးထားသော သခွားမွှေးများ (ဓာတ်ပုံ − မျိုးမင်းဦး)
မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် အမေရိကန်ပညာရှင်များပို့ချမည့် စိုက်ပျိုးရေးနည်းပညာ သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဖရဲ၊ သခွားမွှေးစိုက်တောင်သူ ၃၀ ဦး တက်ရောက်မည် ဖြစ်ကြောင်းတိုင်းဒေသကြီး ဖရဲ၊ သခွားမွှေးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သတင်းရရှိ သည်။
အမေရိကန်နိုင်ငံသား ပညာ ရှင်နှစ်ဦးပို့ချမည့် အပင်အာဟာရ စီမံခန့်ခွဲရေး၊ ဘက်စုံပိုးမွှားကာ ကွယ်နှိမ်နင်းရေးနှင့် ရိတ်သိမ်းချိန် လွန်နည်းပညာပေးဆင့်ပွားသင် တန်းကို မုံရွာခရိုင် ချောင်းဦးမြို့ နယ် မင်းခေါင်ကျေးရွာ သုံးထပ် ဘုန်းတော်ကြီးကျောင်းသင်တန်း ခန်းမ၌ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ဖွင့် လှစ်ပို့ချမည် ဖြစ်သည်။
‘‘စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ငါးမြို့နယ်၊ ကျေးရွာ ၁၅ ရွာက ဖရဲ၊ သခွားမွှေးစိုက်တောင်သူ ၃၀ ဦးသင်တန်းတက်ရောက်မှာ ဖြစ်ပါတယ်။ ဒီသင်တန်းမှာ အမေရိကန်နိုင်ငံသားပညာရှင်နှစ်ဦးပို့ ချမှာဖြစ်တယ်’’ဟု စစ်ကိုင်းတိုင်း ဒေသကြီး ဖရဲ၊ သခွားမွှေးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးလွင်က ပြော သည်။
အဆိုပါသင်တန်းတွင် အမေရိကန်နိုင်ငံမှ သင်တန်းဆရာတစ် ဦးနှင့် Winrock International အဖွဲ့မှ စီမံကိန်းအရာရှိတစ်ဦးတို့ က သင်တန်းပို့ချမည်ဖြစ်ပြီး စစ်ကိုင်း တိုင်း ဒေသကြီးအတွင်း ချောင်းဦး၊ ဘုတလင်၊ ၀က်လက်၊ မြောင်၊ စစ်ကိုင်းစသည့် မြို့နယ်ငါးမြို့နယ်မှ တောင်သူ ၃၀ ဦး တက်ရောက်မည် ဖြစ်သည်။
မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် Winrock International အဖွဲ့ အစည်း၏ ကူညီမှုဖြင့် မန္တလေး တိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ် မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို USAID အဖွဲ့၏ ရန်ပုံငွေဖြင့် အပင်အာဟာရစီမံခန့်ခွဲရေး၊ ဘက်စုံပိုး မွှားကာကွယ်နှိမ်နင်းရေးနှင့် ရိတ် သိမ်းချိန်လွန်နည်းပညာပေး ဆင့် ပွားသင်တန်းဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment