Monday, September 19, 2016

ဆေးရုံမိလ္လာကန် စုပ်ထုတ်စဉ် အနံ့ဆိုးရွားမှုအတွက် ပြည်သူများကို ဆေးရုံအုပ်စာရေးသား၍ တောင်းပန်

မကွေးတိုင်း အောင် လံမြို့ ပြည်သူ့ဆေးရုံကြီးရှိ ပြည့် လျှံနေသည့် မိလ္လာကန်များ စုပ် ထုတ်စဉ် အနံ့ဆိုးရွားမှုများ အ တွက် ဆေးရုံပတ်ဝန်းကျင်တွင် နေထိုင်နေကြသူများအား အောင် လံဆေးရုံအုပ်က စက်တင်ဘာ ၁၈ ရက်၌ စာရေးသား တောင်း ပန်ခဲ့ကြောင်း သတင်းရရှိသည်။

ခုတင် ၅၀ ဆံ့အဆင့်သာရှိ သော အောင်လံပြည်သူ့ဆေးရုံကြီး တွင် လက်ရှိ၌ တက်ရောက်ကုသ နေသည့် လူနာ အရေအတွက် တစ်ရာကျော်ခန့် ရှိနေပြီး လူနာ စောင့်အပါအ၀င် လူနှစ်ရာကျော် အတွက် ရေလောင်းအိမ်သာ ကိုး လုံးသာရှိနေသည်။

ထို့ကြောင့် မိလ္လာကန်ပြည့် လျှံမှုများ ဖြစ်ပေါ်နေပြီး စည်ပင် သာယာရေးအဖွဲ့၏အကူအညီ ဖြင့် ပြည်လျှံမိလ္လာကန်များအတွင်း ရှိ အညစ်အကြေးများကို စက် တင်ဘာလဆန်းပိုင်းမှ စတင်ကာ စုပ်ထုတ်နေသည်။ ထိုသို့စုပ်စဉ် ကာလအတွင်း အနံ့အသက်ထွက် ပေါ်ခြင်းများ ရှိနေသောကြောင့် မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ မျိုးလွင်ကိုယ်တိုင် လက်မှတ်ရေး ထိုးတောင်းပန်ထားသည့် စာကို ပတ်ဝန်းကျင်နေအိမ်များသို့ ပေးပို့ခဲ့ကြောင်း အောင်လံပြည်သူ့ဆေး ရုံတာဝန်ရှိသူတစ်ဦးက ပြော သည်။‘‘အိမ်သာအသစ် ဆယ်လုံး ကတော့ ဆောက်လုပ်နေဆဲပါ။ ပြီးသွားရင်တော့ ဒီပြဿနာပြေ လည်သွားမှာပါ။ ဒါပေမဲ့ အခုက မိလ္လာကန်တွေ ပြည့်လျှံပြီးစုပ်ထုတ် တဲ့အခါ အနံ့အသက်အချို့ရှိနေ တော့ ပတ်ဝန်းကျင်နေပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ စာရေးသားပြီး တောင်းပန်တာပါ’’ ဟု ၎င်းကပြောသည်။

အောင်လံပြည်သူ့ဆေးရုံကြီး တွင် တက်ရောက်ကုသသူ အရေ အတွက်သည် ယခင်ကထက် တိုး လာနေပြီး လူနာခုတင်အခက်အ ခဲနှင့် ဆေးဝါးမလုံလောက်၊ စွန့် ပစ်အမှိုက်နှင့် အညစ်အကြေးများ နိုင်နင်းစွာသိမ်းဆည်းရန်လည်း များစွာခက်ခဲမှုများရှိနေကြောင်း ယင်းဆေးရုံတွင် ပုံမှန်ကူညီမှုများ ပြုလုပ်ပေးနေသည့် ပရဟိတအဖွဲ့ ၀င်တစ်ဦးက ပြောသည်။

No comments: