Friday, September 23, 2016

080p screen နှင့် 16MP ကင်မရာ ပါဝင်သည့် BLU Life One X2 စမတ်ဖုန်း

Blu စမတ်ဖုန်းကုမ္ပဏီသည် ၎င်း၏ နောက်ဆုံးပေါ် Android စမတ်ဖုန်းဖြစ်သော BLU Life One X2 ကို မိတ်ဆက်ကြေညာခဲ့သည်။

BLU Life One X2 တွင် 1920 x 1080 pixels resolution ဖြင့် အသုံးပြုနိုင်မည့် ၅.၂ လက်မ FHD display နှင့် octa-core Snapdragon 430 processor တို့ကို အသုံးပြုထားသည်။

2GB/16GB အမျိုးအစားနှင့် 4GB/64GB အမျိုးအစားဖြင့် ရရှိနိုင်သည်။ အရှေ့ဘက်ကင်မရာက 8 megapixel ဖြစ်ပြီး ကျောဘက်ကင်မရာက 16 megapixel ဖြစ်သည်။ ဘက်ထရီက 3,000mAh ဖြစ်ပြီး Android 6.0.1 Marshmallow ဖြင့် အသုံးပြုနိုင်သည်။

တန်ဖိုးမှာ 2GB/16GB အမျိုးအစားအတွက် ၁၄၉.၉၉ ဒေါ်လာဖြစ်ပြီး 4GB/64GB အတွက် ၁၉၉.၉၉ ဒေါ်လာကျသင့်မည်ဖြစ်သည်။

Ref: Geeky-Gadgets

No comments: