Friday, August 12, 2016

တက္ကသိုလ်ဝင်တန်း မေးခွန်းဟောင်းများ စုစည်းထားသော My Exam Buddy Application ကို စတင် အသုံးပြုနိုင်ပြီ ------- ------- -------

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသူကျောင်းသားများ အတွက် မေးခွန်းဟောင်းများ စုစည်းထား သော My Exam Buddy အမည်ရှိ Android စနစ်သုံး Mobile Application ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ Application သည် တက္ကသိုလ်ဝင် စာမေးပွဲအတွက် ဘာသာစုံမေးခွန်းများကို ကျက်မှတ်လေ့ကျင့် သင်ကြားနိုင်သော ဖုန်း Application အမျိုးအစားများဖြစ်ပြီး လွန်ခဲ့သည့် ၁၄ နှစ်စာ မေးခွန်းဟောင်းများ ပါဝင်ကြောင်း Prog ioneer ကုမ္ပဏီလီမိတက်မှ CEO ဦးသိန်းထွဋ်က ပြောသည်။

“ကျွန်တော်တို့ ဒီဆော့ဖ်ဝဲအတွက် Google Play Store နဲ့ Facebook Page တို့မှာ တင်ထားတာက Demo Version  တင်ထားပေးတယ်။ Demo Version က ကြိုက်တဲ့သူအကုန် Down လို့ရတယ်။ ကျွန်တော်တို့ Demo Version ကို တင်ပေးရတာက ဒီဆော့ဖ်ဝဲကို အစမ်းအသုံးပြုနိုင်အောင်ပါ။ ဆရာရော၊ ကျောင်းသားတွေရော အဆင်ပြေမှ ဒီဆော့ဖ်ဝဲကို သွင်းလို့ရအောင် လုပ်ပေးထားတယ်။ အဲဒီမှာ မေးခွန်း ၅ စုံစာပဲ တင်ထားပေးပါတယ်။ ဒီဆော့ဖ်ဝဲက မေးခွန်းဟောင်းတွေ လေ့ကျင့်ရုံ သက်သက်ပါပဲ။ တခြား Hot Spot တွေမလုပ်ပေးပါဘူး။ ဒါကို ၇ လပိုင်းကတည်းကစပြီး စမ်းသုံးခိုင်းနေတာ။ အဆင်ပြေတယ်လို့ ပြန်ကြားရတဲ့အတွက် အခုလို တရားဝင်ကြေ ညာတာပါ” ဟု ဦးသိန်းထွဋ်ကပြောသည်။

My Exam Buddy Application ကို အသုံးပြုအနေဖြင့် မှတ်ပုံတင်ခြင်းပြုလုပ် (Register)၍ My Exam Buddy ငွေဖြည့်ကဒ် (သို့) ၅၀၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကဒ်၏ ကုဒ်နံပါတ်ကို ထည့်သွင်းပေးမှသာ တစ်ဘာသာလျှင် မေးခွန်းဟောင်း ခုနှစ်ထောင်ကျော်မှ တစ်သောင်းကျော်အထိ လေ့လာနိုင်မည့် မေးခွန်းဟောင်းများကို ထည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အသုံးပြုလိုသူများသည် My Exam Buddy Apk File ကို Google Play Store (သို့မဟုတ်) www.progineer.co/ myexambuddy/download.html တွင် Download ရယူ၍ ဖုန်းအတွင်း ထည့်သွင်းနိုင် ပြီး ၂၀၁၆- ၂၀၁၇ စာသင်နှစ် တစ်နှစ်တာအတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

MMK
The Ladies News

No comments: