Friday, August 12, 2016

ထိုင်းဘုရင်စံမြန်းသည့် ဟွာဟင်းအပြင် အခြားမြို့များတွင်လည်း ပေါက်ကွဲမှု ဆက်တိုက်ဖြစ်သောကြောင့် သေဆုံးမှုများရှိ

ထိုင်းဘုရင် ဘူမိဘောစံမြန်းသည့် ဟွာဟင်းတွင် ယမန်နေ့ကစလို့ ၂၄ နာရီအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဲဒီနောက်မှာတော့ ဆူရတ်ဌာနီ၊  ဖန်ငခရိုင် ၊ နာခွန်ဆီတမာရတ် ၊ ဖူးခက်ကျွန်းပေါ်က ပသောင် ၊ ထရန်စတဲ့ ဒေသတွေမှာလည်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့နေ့လယ်အထိ သတင်းတွေအရ ပေါက်ကွဲမှုတွေကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီဖြစ်သလို ဒဏ်ရာရသူ အရေအတွက်လည်း တိုးလာနေပါတယ်။ ထိုင်းဝန်ကြီးချုပ်ကတော့ နိုင်ငံမတည်ငြိမ်အောင် ၀ရုန်းသုန်းကားဖြစ်အောင်လုပ်တာလို့ ပြောဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်မှုမရှိဘူးလို့ ပြောဆိုထားပြီး နိုင်ငံတောင်ပိုင်းက ခွဲထွက်ရေးသမားတွေကို သံသယရှိနေကာ မသကာင်္သူ အချို့ကိုလည်း စစ်ဆေးနေပါတယ်။

ထရန်မြိ့မှာတော့ မနေ့နေ့လယ်ပိုင်းက ထရန်မြို့မှာ ပေါက်ပွဲမှုကြောင့်အနည်းဆုံး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဟွာဟင်းမှာ မနေ့က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုမှာတော့ နိုင်ငံခြားသား တွေအပါဝင် ၁၉ ဦး ဒဏ်ရာရရှိခဲ့ကာ တစ်ဦးသေဆုံးခဲ့ပါတယ်။

ဘန်ကောက်မှာလည်း လုံခြုံရေးတင်းကျပ်ထားသလို လေဆိပ်တွေမှာလည်း လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြန်မာခရီးသွား တစ်ဦးဖြစ်တဲ့ ကိုရဲက ၄င်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံမှာ ၁၂ နှစ်အတွင်း တောင်ပိုင်းက ခွဲထွက်ရေးလှုပ်ရှားသူတွေကြောင့် သေဆုံးရတဲ့ ပြည်သူ ၆၀၀၀ လောက်ရှိလာပြီလို့ ဘီဘီစီ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

The Ladies News

No comments: