ကမ္ဘာတစ်ဝန်း လူအ များအပြား အသုံးပြုနေသည့် ပို ကီမွန်ဂိမ်း မြန်မာနိုင်ငံတွင် ရရှိပြီး ရက်ပိုင်းအတွင်းမှာပင် ပြည်တွင်း ရှိ စီးပွားရေးလုပ်ငန်း အချို့က ပိုကီမွန်ဂိုးဂိမ်း ကစားသူများအား ဈေးလျှော့ပေးခြင်းနှင့်စုဝေးကစား နိုင်ရန်ဖန်တီးပေးခြင်းများ ပြုလုပ် လာသည်။
ရန်ကုန်မြို့ရှိ စားသောက် ဆိုင်၊ ဟိုတယ်၊ စာအုပ်နှင့်ရုပ်ရှင် ဇာတ်ကား အခွေအရောင်းဆိုင် အချို့တွင် ပိုကီမွန်ဂိုးဂိမ်း ကစား သူများအတွက် သီးသန့်နေရာဖန် တီးပေးခြင်းနှင့် ဂိမ်းဆော့ရာ၌ အသုံးပြုရသည့် ပိုကီဘောလုံးနှင့် ပိုကီမွန်သားကောင်များကို အလွယ်တကူ ရှာဖွေနိုင်ရန် Lure Module များ ပြုလုပ်ပေးထားခြင်း ဖြစ်သည်။ MMOtaku အမည်ရှိရုပ်ရှင် ဇာတ်လမ်းတွဲများ ရောင်းချသည့် ဆိုင်တွင် နံနက် ၁၁ နာရီမှ ည ၁၀ နာရီအထိ ပိုကီမွန်ဂိမ်းကစားသူ များ အဆင်ပြေစေရန် Lure Module များ အဆက်မပြတ် ဖွင့် ထားမည်ဟု သြဂုတ် ၉ ရက်က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ မှတစ်ဆင့် ကြေညာထားသည်။
မြန်မာပလာဇာရှိ အင်ပါရီ ရယ်ဂါးဒင်း စားသောက်ဆိုင်တွင် ပိုကီမွန်သားကောင်များကို ဖမ်း နိုင်သော ဓာတ်ပုံပြနိုင်သည့် စား သုံးသူများအား စုစုပေါင်း စား သောက်စရိတ်၏ ၁၀ ရာခိုင်နှုန်း ဈေးလျှော့မည်ဟု ထုတ်ပြန်ထား သည်။ လက်ရှိပြည်တွင်း၌ပိုကီမွန် ဂိုးဂိမ်း ရေပန်းစားမှုနှင့် အထက် ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ‘‘ကျွန်တော်ကတော့ ဂိမ်းဆော့ဖို့ ထက် စီးပွားရေးလုပ်ငန်းတွေ အ တွက် အခွင့်အလမ်းတစ်ခု အ ကြီးကြီး ဖြစ်လာမယ်လို့ပဲ မြင် တယ်’’ ဟု အွန်လိုင်းဒစ်ဂျစ်တယ်ကျွမ်းကျင်သူ ကိုပြည့်ဖြိုးနိုင်က သုံးသပ်သည်။
Pokestops အများအပြား ရှိသော ရွှေတိဂုံစေတီတော် အ နောက်ဘက်မုခ်၊ ပြည်သူ့ရင်ပြင် အတွင်းရှိ အင်ဒိုနီးရှားစားသောက် ဆိုင် Ayam Penyet ဆိုင်တွင် လည်း ပိုကီမွန်ဂိုးဂိမ်းဆော့ကစား သူများ လာရောက်ကစားရန် ဖိတ်ခေါ်ထားသည်။
ထို့အပြင် ဆမ်ဆောင်းနှင့် ဟွာဝေးအစရှိသည့် မိုဘိုင်းဖုန်း ကုမ္ပဏီများသည် ပိုကီမွန်ဂိုးဂိမ်း ကစားရန် သင့်လျော်သော ၎င်းတို့ ၏ ထုတ်ကုန်များကို ယခုရက်ပိုင်း အတွင်း ကြော်ငြာထားသည်။
No comments:
Post a Comment