Tuesday, August 16, 2016

စီးပွားရေးအခြေခံဂွန်ဂိုများနှင့် အပြောင်းအလဲ

အင်န်ဂျီအို(NGO)လို့ ပြောလိုက်ရင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင် ရွက်ကြတဲ့၊ အကျိုးအမြတ်မယူတဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်း (Non-Governmental Organ -ization) တွေဖြစ်ကြောင်း အ တော်များများသိပြီး ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၀၈ မှာ မြန်မာ နိုင်ငံအောက်ပိုင်းကို ဆိုင်ကလုန်း မုန်တိုင်း နာဂစ်ဝင်ရောက်ပြီး နောက်ပိုင်းမှာ အင်န်ဂျီအိုတွေရဲ့ အခန်းကဏ္ဍနဲ့ လုပ်ငန်းဆောင် ရွက်ချက်၊ ဆောင်ရွက်နိုင်စွမ်းတွေ ကို ပီပီပြင်ပြင် မြင်တွေ့လာရတယ် လို့ ဆိုနိုင်မယ်ထင်ပါတယ်။ အင်န်ဂျီအိုတွေထဲမှာ နိုင်ငံတကာမှာ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အပြည်ပြည်ဆိုင်ရာအဆင့် အင်န်ဂျီအို၊ INGO တွေရှိသလို၊ မိမိတို့နိုင်ငံအတွင်းမှာပဲ အခြေပြုပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ကြတဲ့ ပြည်တွင်း NGO၊ INGOတွေလည်း ရှိနိုင်ကြပါတယ်။
ဂွန်ဂိုဆိုတာ
ဒါ့အပြင် စိတ်ဝင်စားစရာ ကောင်းတဲ့ အင်န်ဂျီအိုအမျိုးအစား တစ်ခုကတော့ ဂွန်ဂို (GONGO) လို့ခေါ်တဲ့ အစိုးရက ကမကထပြု ဖွဲ့စည်းပေးထားတဲ့ အစိုးရကျော  ထောက်နောက်ခံပြု အစိုးရမဟုတ် သော အဖွဲ့အစည်း (Governm -ent Organized Non-gover-nmental Organization) တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဂွန်ဂိုတော်တော်များများဟာ ၁၉၉၀ပြည့်လွန်နှစ်ပိုင်းတွေမှာ ပေါ် ပေါက်လာကြတာဖြစ်ပြီး လူမှုရေး အခြေခံတဲ့ အဖွဲ့အစည်းတွေ(ဥပ မာ-မိခင်နှင့် ကလေးစောင့်ရှောက်  ရေးအသင်း)နဲ့ စီးပွားရေးအခြေခံ တဲ့ အဖွဲ့အစည်းတွေ (ဥပမာ-မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အ ဖွဲ့ချုပ်)ဆိုပြီး ခွဲခြားလေ့လာနိုင်ပါ တယ်။ လူမှုရေးအခြေခံတဲ့ ဂွန်ဂို အတော်များများဟာ အစိုးရအုပ် ချုပ်ရေးယန္တရားရဲ့ စည်းရုံးရေး ဒေါက်တိုင်အဖြစ် ရပ်တည်ခဲ့တာများပါတယ်။ စီးပွားရေးကို အခြေ ခံတဲ့ ဂွန်ဂိုတွေကတော့ အုပ်ချုပ် ရေးထက် စီးပွားရေးအကျိုးအ မြတ်တွေကိုပဲ ဦးတည်ထားခဲ့ကြ ပါတယ်။
၁၉၈၈ ရှစ်လေးလုံးလူထုအုံ ကြွမှုနဲ့ ဆိုရှယ်လစ်အစိုးရကို လူ ထုက ဖြုတ်ချပြီးတဲ့နောက် အာ ဏာသိမ်းယူခဲ့တဲ့ တပ်မတော်အစိုး ရအနေနဲ့ ပြိုလဲသွားတဲ့ဆိုရှယ်လစ် စီးပွားရေးကို ဈေးကွက်စီးပွားရေး (Market Economy) အဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီလိုဈေးကွက် စီးပွားရေးကို ဖော်ဆောင်ရာမှာ နိုင်ငံခြားကုန် သွယ်မှုအတွက် သက်ဆိုင်ရာလုပ် ငန်း (Industry) ရဲ့ ကိုယ်စားပြုမှု ကိုဖော်ပြဖို့ လိုအပ်လာပါတယ်။ ဒါ့အပြင် အစိုးရအလိုကျ စီးပွား ရေးမူဝါဒတွေ ချမှတ်နိုင်ဖို့နဲ့ အဲဒီ စီးပွားရေးမူဝါဒတွေကို အကောင် အထည်ဖော်နိုင်ဖို့အတွက် သက် ဆိုင်ရာ  လုပ်ငန်းနယ်ပယ်ထဲက လူတွေ (Stakeholders) ပါဝင်တဲ့ ယန္တရားတစ်ခု လိုအပ်လာပါတယ်။ အဲဒီလိုအပ်ချက်နှစ်ရပ်ကို ဖြည့်ဆည်း ဖို့အတွက် စီးပွားရေးအခြေခံတဲ့ ဂွန်ဂိုတွေကို အစိုးရက ကမကမ ထလုပ်ပြီး ဖွဲ့စည်းပေးခဲ့ပါတယ်။ တကယ်တော့ စီးပွားရေးအခြေ ခံတဲ့ ဂွန်ဂိုတွေဟာ နိုင်ငံတကာမှာ ဖွဲ့စည်းကြတဲ့ စီးပွားရေးကဏ္ဍအ လိုက် အသင်းအဖွဲ့(Business Association) တွေလို အယောင် ဆောင်ထားတဲ့ အစိုးရလက်ကိုင် တုတ်တွေသာ ဖြစ်ခဲ့တာပါ။
Business Association ဆိုတာ
တကယ်တော့ နိုင်ငံတကာ မှာရှိတဲ့ Business Association တွေဟာ သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာ စေဖို့ အဲဒီစီးပွားရေးကဏ္ဍမှာ ပါ ၀င်သူတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တွေဖြစ်ပါတယ်။ အောက်ခြေကအသေးစား၊ အ လတ်စားထုတ်လုပ်သူအစုအဖွဲ့ (Cluster) များ စတင်စုဖွဲ့ပြီး Cluster တွေကိုစုပေါင်းပြီးမှ အ သင်း(Association) တွေအဖြစ် ဖွဲ့စည်းတည်ထောင်ကြပါတယ်။ အသင်းတွေပြန်လည်စုပေါင်းပြီး တဲ့အခါ အဖွဲ့ချုပ် (Federations) အဖြစ် ထူထောင်လေ့ရှိကြပါ တယ်။ ပြောချင်တာက အသင်းအ ဖွဲ့ကို အပေါ်ကစတင်ဖွဲ့စည်းတာ မဟုတ်ဘဲ အောက်ခြေကစတင် စု ဖွဲ့ရင်းတဖြည်းဖြည်းကြီးထွားလာ စေတာမို့ အခြေခိုင်တဲ့ အဖွဲ့အ စည်းတွေ ဖြစ်ကြပါတယ်။
အသင်းအဖွဲ့တွေကို ဦး ဆောင်သူများဟာလည်း အသင်း ၀င်တွေက မိမိတို့ရဲ့ကိုယ်စားလှယ် အဖြစ် ဒီမိုကရေစီနည်းကျကျ ရွေး ချယ်တင်မြှောက်ထားတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီအသင်းတွေမှာ နည်းပညာပိုင်း ကျွမ်းကျင်ပညာ ရှင်တွေကိုလည်း ခန့်အပ်ထားပြီး လိုအပ်တဲ့ အကြံဉာဏ်တွေရယူ ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီ အသင်းအဖွဲ့တွေဟာ လိုအပ်လာ တဲ့အခါမျိုးမှာ မိမိတို့ရဲ့ စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့အ တွက် လိုအပ်တဲ့ မူဝါဒပိုင်းဆိုင်ရာ အကူအညီတွေကို သက်ဆိုင်ရာ အစိုးရ၊ လွှတ်တော်စသည်ဖြင့် မူဝါဒချမှတ်သူတွေ သိရှိလာ အောင် အသံထွက်ပေးတဲ့လုပ်ငန်း (Advocacy) ကိုလည်း ဆောင် ရွက်လေ့ရှိကြပါတယ်။ မိမိတို့အ သင်းဝင်တွေလိုအပ်တဲ့ နည်းပညာ နဲ့ သတင်းအချက်အလက်တွေ ပံ့ပိုးပေးတဲ့ လုပ်ငန်းတွေလည်း ဆောင်ရွက်ကြသလို ဈေးကွက်တည်ငြိမ်ရေးအတွက်လည်း ထိန်း ကျောင်းတည့်မတ်ပေးလေ့ရှိပါ တယ်။
ခေါင်းကြီးကိုယ်သေးဂွန်ဂိုများ
မြန်မာနိုင်ငံက ဂွန်ဂိုများက တော့ အစိုးရက ကမကထပြုဖွဲ့ စည်းခဲ့တာ ဖြစ်တဲ့အတွက် ခေါင်း ဆောင်မှု (Leadership)အခန်း ကဏ္ဍကို အစိုးရနဲ့ အဆင်ပြေသူ တွေက ကြီးစိုးခြယ်လှယ်နိုင်ပြီး အောက်ခြေက ပါဝင်မှု၊ အသင်း သားတွေရဲ့ အား (Strength) အလွန်နည်းပါးတာကို တွေ့ရပါ တယ်။ ဖွဲ့စည်းပုံတွေက ခေါင်းကြီး ပြီး ကိုယ်သေးတဲ့ဖွဲ့စည်းပုံမျိုးတွေ ပါ။ စီးပွားရေးလုပ်ငန်းမှာ ပါဝင် တဲ့ အသေးစားနဲ့ အလတ်စားထုတ် လုပ်သူတွေရဲ့ စုစည်းမှုကို မတည် ဆောက်နိုင်သလို သူတို့ရဲ့ အသံ ကိုထုတ်ဖော်နိုင်စွမ်း မရှိပါဘူး။  ခေါင်းဆောင်ပိုင်းတွေကသာ တာ ၀န်ရှိသူတွေနဲ့ လက်ဝါးရိုက်စီးပွား ရေးခွင်တွေကို ဖန်တီးနိုင်ခွင့်ရရှိခဲ့ တာ ဖြစ်ပါတယ်။ မိမိတို့လောက သားများ (Industry) ရဲ့ အကျိုး စီးပွားထက် ကိုယ်ကျိုးရှာအဖွဲ့အ စည်းတွေ ဖြစ်လာပြီး လူထုရဲ့ အားကိုးယုံကြည်မှုလည်း နည်းပါး ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
ပြောင်းလဲချိန်တန်ပြီ
၂၀၁၅ နိုဝင်ဘာရွေးကောက် ပွဲမှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ ၀င်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းတဲ့ အစိုးရသစ် ဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း တွေကို ကဏ္ဍစုံမှာ အားသွန်ခွန် စိုက်ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလိုအချိန်အခါ သမယမှာ ဂွန်ဂို များဟာလည်း အစိုးရလက်ကိုင် တုတ် အဖွဲ့အစည်းမဟုတ်ဘဲ မိမိ တို့ရဲ့ စီးပွားရေးကဏ္ဍ အမှန်တ ကယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နိုင်မယ့် စီးပွားရေးအ ဖွဲ့အစည်း (Business Association) တွေအဖြစ် ပြောင်းလဲချိန်တန်ပြီ ဖြစ်ပါတယ်။ အင်န်ဂျီအိုအမည်ခံ ထားတဲ့ အရေခွံကိုခွာချပြီး Busin -ess Association အဖြစ် တည် တည်တံ့တံ့ရပ်တည်ဖို့ အသွင် သဏ္ဌာန်ပြောင်းလဲမှုတွေ လိုအပ် ပါတယ်။ တကယ့်စံမီအရည်အ သွေးမြင့် Business Association တွေ ဆောင်ရွက်တဲ့လုပ်ငန်းတာ ၀န်တွေကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် အနှစ်သာရကိုပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒီလိုနည်းအားဖြင့် မိမိတို့ကိုယ်ကိုယ်သော်လည်းကောင်း၊ မိမိတို့ရဲ့ စီးပွားရေးအသိုက်အ၀န်းကိုသော် လည်းကောင်း၊ အစိုးရကိုသော်လည်းကောင်း၊ ပြည်သူအပေါင်း ကိုသော်လည်းကောင်း ကူညီရာရောက်နိုင်ကြမှာ ဖြစ်ပါတယ်။
အကြံပြုချက်
ယခင်က ဘယ်လိုပုံစံမျိုးနဲ့ ပဲ ရပ်တည်ခဲ့သည်ဖြစ်စေ၊ ဂွန်ဂိုတွေ မှာ ကျွမ်းကျင်မှုနဲ့ တခြားအရင်းအ မြစ်တွေ ထိုက်သင့်သလောက်ရှိပြီး  ဖြစ်တာမို့ ဂွန်ဂိုတွေကို စီးပွားရေး အဖွဲ့အစည်းများအဖြစ် ပြောင်းလဲ မယ်ဆိုရင် လွယ်လွယ်ကူကူ ကူး ပြောင်းနိုင်မယ့် အနေအထားဖြစ် ပါတယ်။ အဲဒီလို မိမိတို့ရဲ့ စီးပွား ရေးအသိုက်အ၀န်းကို အမှန်တ ကယ်ကိုယ်စားပြုမှု (Represent -ation)နဲ့ ဒီမိုကရေစီနည်းကျသော ခေါင်းဆောင်မှု (Democratic Leadership) တွေ လိုအပ်မှာဖြစ် ပါတယ်။ အစိုးရရဲ့ သြဇာလုံးဝ ကင်းလွတ်ပြီး မိမိတို့ဦးဆောင်တဲ့ စီးပွားရေးအသိုက်အ၀န်းနဲ့ အစိုးရ ရဲ့ မူဝါဒတွေကြားမှာ ကြားခံညှိ နှိုင်းအဖြေရှာတဲ့ အဖွဲ့အစည်းတွေ ဖြစ်လာဖို့ လိုပါတယ်။ ဂွန်ဂိုတွေကို ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ လိုက် လျောညီထွေရှိတဲ့ Industry ကို အမှန်တကယ်ကိုယ်စားပြုသော စီးပွားရေးအဖွဲ့အစည်းများအဖြစ် ပြောင်းလဲပေးခြင်းဖြင့် ခရိုနီတွေ၊ ပြည်ပကလာရောက်ရင်းနှီးမြှုပ်နှံ တဲ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ လက်ဝါးကြီးအုပ်စီးပွားရေး (Mo-  nopoly) ကို လျှော့ချလာနိုင်ပြီး တိုင်းပြည်စီးပွားရေးကို တိုင်းသူ ပြည်သား အများစုလက်ထဲကို ပြန် လည်ရောက်ရှိအောင် ဆောင်ရွက် နိုင်ပါလိမ့်မယ်။  ။

No comments: