မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, May 16, 2016
ကျေးရွာပိုင်ဘောလုံးကွင်းမြေနေရာ ရောင်းချထားသဖြင့် ဒေသခံရွာသူရွာသားများ စာနယ်ဇင်ရှင်းလင်း” ------ ------ ------ ------ ------
“ကျေးရွာပိုင်ဘောလုံးကွင်းမြေနေရာ ရောင်းချထားသဖြင့် ဒေသခံရွာသူရွာသားများ စာနယ်ဇင်ရှင်းလင်း”
------ ------ ------ ------ ------
မန္တလေး အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာပိုင် ဘောလုံးကွင်းနေရာကို ယခင်အုမ်ချုပ်ရေးမှူး နှင့်အဖွဲ့ ကရောင်းချခဲ့သဖြင့် ဒေသခံကျေးရွာသူ ကျေးရွာသားများက ပွင့်လင်းမြင်သာမှုရှိစေရန်
စာနယ်ဇင် ရှင်းလင်းပွဲကို ဓမ္မသုခကျောင်းတိုက် မြမာလာဓမ္မရုံအတွင်း မေ ၁၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
"ကျွန်တော်တို့ကျေးရွာပိုင် ဘောလုံးကွင်းနေရာကိုရောင်းစားခဲ့တဲ့အကြောင်း အများပြည်သူ ပွင့်လင်း
မြင်သာမှုရှိအောင် ယနေ့ ဒေသခံရွာသူရွာသားတွေကိုခေါ်ယူပြီး စာနယ်ဇင်ရှင်းလင်းပွဲ ပြုလုပ်ရတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အများပြည်သူ သိလိုတာတွေ ရှင်းရှင်းလင်း သိရအောင် အုပ်ချုပ်ရေးမှူးဟောင်းကို ခေါ်ပြီး ခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာပါ”ဟု ပွဲစီစဉ်သူကိုမျိုးတင်က ပြောသည်။
"ကျေရွာ ဘောလုံးကွင်းနေရာကို ဆေးရုံနေရာအတွက် မြေဧက မလုံလောက်လို့ အများပြည်သူကို အသိပေးပြီး သိန်း ၁၃၀၀ နဲ့ ရောင်းခဲ့တာပါ။ အဲဒီအချိန်က ဘယ်သူမှ ကန့်ကွက်တာမရှိဘူး။ အခု ကျွန်တော်အုပ်ချုပ်ရေးမှူး မလုပ်တော့မှ သိက္ခာကျအောင် ဒီပွဲစီစဉ်ကြတာ။ ကျွန်တော့်လက်ထက်မှာ ကျေးရွာကို လျှပ်စစ်မီးရအောင်၊ လမ်းတွေ ဆေးရုံတွေ ကျအောင် ဆောင်ရွက်ခဲ့တာတွေ အားလုံးအသိပါ”ဟု ယခင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်လှိုင်က ပြောသည်။
အဆိုပါ တမုတ်ဆိုးကျေးရွာ တိုက်နယ်ဆေးရုံးတည်ဆောက်ရန်အတွက် နိုင်ငံတော်မှာ သိန်း ၆၀၀၀ ထိ ချပေးခဲ့သော်လည်း မြေနေရာမပါရှိသဖြင့် အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်လှိုင်က ကျေးရွာပိုင်မြေဖြစ်သော ဘောလုံးကွင်းကို ရောင်းစားရခြင်းဖြစ်သည်ဟု ဆိုသည်။
တမုတ်ဆိုးကျေးရွာသည် မန္တလေးမြို့နှင့် မိုင် ၂၀ ခန့်အကွာတည်ရှိပြီး ယခုအခါ ကျေးရွာနေ ကလေးငယ်များနှင့် ဘောလုံးဝါသနာရှင်းများအတွက် အခက်တွေ့နေရကြောင်း ဒေသခံရွာသူရွာသားများက ပြောသည်။
ယင်းသတင်းစာရှင်းလင်းပွဲ၌ အုပ်ချုပ်ရေးမှူးဟောင်းအား ထောက်ခံသူများနှင့် ၎င်းအား မကျေနပ်သူများအကြား အပြန်အလှန် အချင်းများခဲ့ကြသည်။
စိုင်းထူးခန့် 
Subscribe to:
Post Comments (Atom)
No comments:
Post a Comment