Friday, March 18, 2016

လားရှိုးရောက် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်သည့် RCSS/SSA ခေါင်းဆောင် ဦးယွက်ဆစ်

လားရှိုးရောက်  ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်သည့် RCSS/SSA ခေါင်းဆောင် ဦးယွက်ဆစ် နှင့်ယခင် ရှမ်းတပ်မတော် မြောက်ပိုင်းခေါင်းဆောင်ဟောင်း ( ယခု  ဆင်ကျော့ ပြည်သူစစ်အဖွဲ့ခေါင်းဆောင် ) ဦးလွယ်မောင်းတို့ ယနေ့ တွေ့ဆုံဆွေးနွေး

---- ---

ဆင်ကျော့ပြည်သူ့စစ်မှာ ယခင်က ရှမ်းတပ်မတော် မြောက်ပိုင်း၏ တပ်မဟာ (၇) ဖြစ်ခဲ့ပြီး ၂၀၁၀ ခုနစ်က ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ခြင်းဖြစ်ပါသည်။ RCSS/SSA ရှမ်းတပ်မတော်တောင်ပိုင်း ဥက္ကဌ ဦးယွက်စစ်အနေဖြင့် လူထုတွေ့ဆုံပွဲများပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှမ်းတပ်မတော် မြောက်ပိုင်းနှင့် ယခင် တောင်ပိုင်း ထိုင်းနယ်စပ် အခြေစိုက် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ SURA ၊ MTA ၊ RCSS/SSA တို့အကြား ယခင်က တိုက်ခိုက်မှုများ ဖြစ်ခဲ့ဖူးသော်လည်း ယခုနောက်ပိုင်းကာလများတွင် ရှမ်းလက်နက်ကိုင်များပေါင်းစည်းရေးအတွက် ရှမ်းတိုင်းရင်းသားများအပါဝင် ရဟန်းသံဃာတော်များကပါ တောင်းဆိုမှုများ ရှိခဲ့ပြီး လက်နက်ကိုင် အဖွဲ့အချင်းချင်းဆွေးနွေးမှုများလည်း ရှိလာခဲ့ပါသည်။

ဓါတ်ပုံ- စိုင်းဇော်မွန်း

No comments: