Friday, March 18, 2016

သုံးစွဲသူတွေဘက်က ဖုန်းဘေလ်ရဲ့၅%အခွန်ပေးရမယ်ဆိုတာက ငွေဖြည့်ကဒ်၅၀၀၀တန်တစ်ကဒ် စထည့်လိုက်တာနဲ့ ၂၅၀တစ်ခါထဲဖြတ်သွားမှာလို့ပြောနေကြတယ်… ၁၀၀၀၀ကဒ်ဆို၅၀၀တစ်ခါထဲဖြတ်သွားမယ့်သဘောရှိတယ်…

သုံးစွဲသူတွေဘက်က ဖုန်းဘေလ်ရဲ့၅%အခွန်ပေးရမယ်ဆိုတာက ငွေဖြည့်ကဒ်၅၀၀၀တန်တစ်ကဒ် စထည့်လိုက်တာနဲ့ ၂၅၀တစ်ခါထဲဖြတ်သွားမှာလို့ပြောနေကြတယ်… ၁၀၀၀၀ကဒ်ဆို၅၀၀တစ်ခါထဲဖြတ်သွားမယ့်သဘောရှိတယ်…

ဆိုတော့ ကျနော်တို့က ဖုန်းပြောမှမဟုတ်ဖူး ငွေစထည့်လိုက်တာနဲ့ ၅%တစ်ခါထဲနှုတ်ပြီးသားဖြစ်သွားမယ်…

အစကထင်တာက ဖုန်းပြောမှ ဥပမာကိုယ်က၁၀၀ဖိုးပြောတယ်ဆိုရင် အဲ့၁၀၀ကိုမှ၅%ထပ်ပေါင်းပြီးဖြတ်မယ်ထင်တာ ခုတော့…

ကျနော့်အိမ်မှာဆို GSMကဒ်ထိုးထားတဲ့ routerလေးတစ်လုံးနဲ့ PWခံ wifiပြန်ယူပြီး မိသားစုသုံးနေတာမျိုးရှိတယ်…

အလားတူပဲ တချို့ဆိုလဲ internetသီးသန့်သုံးတဲ့ ကဒ်တွေရှိတယ် အများပြည်သူလဲအဲ့လိုရှိကြမှာပဲ…ပြောချင်တာက အင်တာနက်သီးသီးသုံးရင် အခွန်မပေးရဘူးထင်နေကြတာ…

ကျနော်တို့က သက်ဆိုင်ရာအော်ပရေတာအသီးသီးဆီကနေ သူတို့သတ်မှတ်တဲ့အတိုင်း ကိုယ်နှစ်သက်တဲ့လိုင်းအပေါ် ပိုက်ဆံပေးသုံးနေရတာလေ…သူတို့ဆီကပဲကောက်ပေါ့ တစ်မိနစ်၅၀ဆိုလဲပေးသုံးခဲ့ရတာပဲ အခုမှအပြိုင်အဆိုင်ဖြစ်လာလို့ ဒီလောက်ဈေးတွေဖြစ်လာတာ…
ခုတော့ဗျာ ပြောင်းလဲချိန်တန်ပြီသာပြောတာ ရှေ့အစိုးရဂျောင်းလို့ နောက်အစိုးရသာပြောင်းသွားတယ်၊ ကျနော်တို့ပြည်သူတွေအတွက်တော့ နင်ပြီးငါ့အလှည့်ဆိုတာမရှိပဲ ဖင်လဲခံရသေး ဆီလဲစိုက်ရသေးတဲ့အပြင် ရေပါဆေးပေးလိုက်ရမဲ့သဘောမျိုးဖြစ်နေတယ်…

(Aung Htut Thet)

No comments: