မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, March 14, 2016
မိုးညှင်းမြို့နယ်တွင် KIA အဖွဲ့မှ ဒေသခံလယ်ယာလုပ်ငန်းလုပ်ကိုင်သူများအား တစ်နှစ်စာအတွက် ဆက်ကြေးငွေများ တောင်းခံ
မိုးညှင်းမြို့နယ်တွင် KIA အဖွဲ့မှ ဒေသခံလယ်ယာလုပ်ငန်းလုပ်ကိုင်သူများအား တစ်နှစ်စာအတွက် ဆက်ကြေးငွေများ တောင်းခံ
====================================
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာသို့ မတ်လ ၁၀ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့မှရောက်ရှိလာပြီး ဒေသခံလယ်ယာလုပ်ငန်းလုပ်ကိုင်သူ ၃၀ ဦးထံမှ တစ်နှစ်စာအတွက် ဆက်ကြေးငွေတစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းစီအား ကောက်ခံသွားခဲ့ကြောင်း ယင်းဒေသခံ ရှမ်းနီလူမျိုးများထံမှ သိရှိရပါသည်။
“ ဟုတ်ပါတယ်၊ သူတို့အဖွဲ့က ရွာထဲကိုရောက်လာပြီး လယ်ယာလုပ်တဲ့ သူတွေကို ခေါ်တွေ့ပြီး ဆက်ကြေးပေးရမယ်လို့ပြောတယ်၊ မပေးနိုင်ရင် လယ်ယာလုပ်ငန်းကို ဆက်လုပ်ခွင့် မပြုဘူးလို့လည်းပြောတယ်၊ သူတို့တွေက ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေကို အနိုင်ကျင့်တာများပြီ၊ ရွာကိုခဏခဏလာပြီးတော့ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ လူသစ်တောင်းလိုက်၊ ဆက်ကြေး ကောက်လိုက်နဲ့ အခုလည်း လယ်ယာလုပ်တဲ့သူတွေကို လက်နက်ပြခြိမ်းခြောက်ပြီး ဆက်ကြေး လာတောင်းနေကြတယ်” ဟု ရှမ်းနီလူမျိုးတစ်ဦးမှ ပြောပါသည်။
အဆိုပါ KIA အဖွဲ့သည် မိုးညှင်းမြို့နယ်၊ နမ္မားကျေးရွာ၏ အရှေ့ဘက်တစ်ဝိုက်တွင် နေထိုင်လျက်ရှိပြီး ညောင်ကုန်းကျေးရွာရှိ လယ်ယာလုပ်ကိုင်လျက်ရှိသော ဒေသခံ ၃၀ ဦးခန့်အား တစ်ဦးလျှင် တစ်နှစ်စာအတွက် ဆက်ကြေးငွေ ၂၀၀၀၀ ကျပ်စီအား မတ်လကုန်အပြီး ပေးသွင်းရ မည်ဖြစ်ကြောင်း ရှမ်းနီလူမျိုးတစ်ဦးမှ ပြောပါသည်။ KIA အဖွဲ့အနေဖြင့် ဒေသခံ တိုင်းရင်းသား များထံမှ ဆက်ကြေးငွေကောက်ခံခြင်း၊ ရိက္ခာတောင်းခံခြင်းနှင့် လူသစ်စုဆောင်းမှုများကြောင့် ဒေသခံများသည် နယ်မြေဒေသ အေးချမ်းမှုမရှိသေး၍ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ဆောင် ရွက်ရာတွင် ကောင်းစွာလုပ်ကိုင်နိုင်ခြင်းမရှိသည့်အပြင် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန် ရှာဖွေစားသောက်နေရကြောင်းနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်ပူပန်လျက် ရှိကြောင်း မိုးညှင်းမြို့ခံတစ်ဦးမှ ဆက်လက်ပြောကြားသွားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment