မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, March 14, 2016
အင်းတော်ကြီးဒေသရှိ ကျေးရွာများကို KIA အဖွဲ့ ဆက်ကြေးကောက်
အင်းတော်ကြီးဒေသရှိ ကျေးရွာများကို KIA အဖွဲ့ ဆက်ကြေးကောက်
===========================================
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ သျှမ်းလူမျိုးများနေထိုင်ရာ
လွဲမွန်ကျေးရွာသို့ မတ်လ ၈ ရက်နေ့က KIA အဖွဲ့တွေ လက်နက်ကိုယ်စီ
ကိုင်ဆောင်ပြီး ဆက်ကြေးကောက်တဲ့ စာကို ကျေးရွာလူကြီးအိမ်မှာ လာရောက်
ပေးသွားတယ်လို့ သိရပါတယ်...
ဆက်ကြေးကောက်တဲ့ အဖွဲ့ဟာ KIA အဖွဲ့ ရင်း ၂၆ က ဖြစ်တယ်လို့ သိရပါတယ် ....
နမ္မားကျေးရွာတွင်လည်း KIA က ဆက်ကြေးလာရောက် ကောက်ခံမူများ ရှိနေ
တယ်လို့ ဒေသခံတွေက ပြောပါတယ် ....
ဆက်ကြေးငွေကို သတ်မှတ်ရက်အတွင်း ပေးဆောင်ဖို့နဲ့ မပေးဆောင်နိုင်ပါက
ထိရောက်စွာ အရေးယူမယ်လို့ ဆက်ကြေးကောက် တောင်းခံလွှာထဲတွင်
ရေးသားထားပါတယ် ...
-
-
-
-
-
တပ်ကြပ်ကြီး ဖိုးစီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment