Tuesday, March 22, 2016

စံချိန်တင် ဈေးအသက်သာဆုံး iPhone ကို စတင်မိတ်ဆက်

ထုတ်ခဲ့ဖူးသမျှ iPhone တွေထဲမှာတော့ အခုရောင်းချမယ့် iPhone SE က ဈေးအသက်သာဆုံး ဖြစ်ပါတယ်။
play

မတ်လ ၂၂ ရက်နေ့က ကယ်လီဖိုးနီးယားမှာ ပြုလုပ်ခဲ့တဲ့ Apple ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ မျိုးဆက်သစ် iPhone တစ်မျိုးကို မိတ်ဆက်လိုက်ပြန်ပါတယ်။ iPhone SE လို့အမည်ပေးထားတဲ့ မျိုးဆက်သစ် iPhone ဟာ အရင်ထုတ်ဖူးခဲ့တဲ့ iPhone 5s အရွယ်အစားအတိုင်း ပြန်လည်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
play

မျက်နှာပြင် ၄ လက်မ ပါရှိပေမဲ့ ကင်မရာကိုတော့ 12 MP အထိ ထည့်သွင်းထားပါတယ်။ iPhone ရဲ့ ကင်မရာက Live Photo တွေရိုက်နိုင်မယ့်အပြင် 4K အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်မှာပါ။ iPhone 5s ထက် ဝိုင်ဖိုင်မြန်ဆန်မှုနှုန်းမှာ သုံးဆပိုထားတယ်လို့ဆိုပါတယ်။
အရောင်ကတော့ နောက်ဆုံးရောင်းချထားတဲ့ iPhone 6s အတိုင်း ငွေရောင်၊ မီးခိုးရောင်၊ ရွှေရောင်နဲ့ ပန်းရောင် (Rose Gold) ဆိုပြီး လေးမျိုးထုတ်လုပ် ရောင်းချမှာပါ။
play

အထူးခြားဆုံးကတော့ ဈေးနှုန်းဖြစ်ပါတယ်။ အခု iPhone SE ကို 16 GB ဆိုရင် ကန်ဒေါ်လာ ၃၉၉ နဲ့ ရောင်းချသွားမှာပါ။ ဒါဟာ iPhone သမိုင်းတစ်လျှောက်မှာ ဈေးအသက်သာဆုံး ဖြစ်ပါတယ်။ 64 GB လိုချင်ရင်တော့ ၄၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ A9 chips ကိုအသုံးပြုထားတာဖြစ်ပြီး အရွယ်အစားက လွဲလို့ စွမ်းဆောင်ရည်က iPhone 6s အတိုင်းပဲ ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။
play

မေလကုန်ရောက်တဲ့အခါ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ iPhone SE ရောင်းချဖို့ အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ ပွဲမှာ ကြေညာသွားပါတယ်။ လာမယ့် မတ်လ ၂၄ ရက်နေ့ကစပြီး အမှာတွေကို လက်ခံသွားမှာပါ။
Source : Telegrap

No comments: