All about that bass သီချင်းနဲ့ အကိတ်တွေအကြောင်း ဆိုခဲ့သူလည်း ပုံစံတွေပြောင်းလာပါပြီ။
မနေ့ညက ထွက်ရှိလာတဲ့ သီချင်း MTV တစ်ပုဒ်ထဲမှာတော့ မီဂန်ထရိန်နောက အချိုးတွေပြောင်းသွားပါပြီ။ အရင်ကတော့ ပိန်ပိန်သွယ်သွယ် ဆက်စီကျတဲ့ ကောင်မလေးတွေကို စောင်းမြောင်းပုတ်ခတ်ခဲ့တဲ့ သူမက ဆက်စီဒီဇိုင်းတွေဝတ်ပြီး သရုပ်ဆောင်ထားတာပါ။
No အမည်ရှိ သီချင်းသစ်တစ်ပုဒ်ကို Vevo မှာ စတင်ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ သီချင်းကလည်း သူမရဲ့ဟန်အတိုင်း ခပ်မြူးမြူးလေးနဲ့ အကတွေကို ပေါင်းစပ်ထားတာပါပဲ။
အနက်ရောင်ဇာကွက်နဲ့ ဆက်စီကျတဲ့အဝတ်တွေဝတ်ပြီး တင်ပါးတွေကိုတောင် ပြလိုက်ပါသေးတယ်။ ဒါတင်မကသေးပါဘူး။
ဝိတ်ချထားပုံရတဲ့ ကိုယ်ခန္ဓာကိုယ်လည်း ပိုပြီးပေါ်လွင်စေမယ့် ကျပ်ကျပ်တောက်တောက် ဝတ်စုံကို ဝတ်ထားပြီး ပိန်သွားတဲ့ကိုယ်လုံးရဲ့အရိပ်ကိုပါ ရိုက်ကူးပြထားတာ တွေ့ရပါတယ်။
Source : YouTube
No comments:
Post a Comment