Monday, March 7, 2016

တပ်လေယာဉ်တစ်စီး နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်စဉ် အရှိန်ထိန်းလေထီးကြိုး ပြုတ်ထွက်ပြီး ပြေးလမ်းကျော်ထွက်မှု ဖြစ်ပွား

တပ်လေယာဉ်တစ်စီး နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်စဉ် အရှိန်ထိန်းလေထီးကြိုး ပြုတ်ထွက်ပြီး ပြေးလမ်းကျော်ထွက်မှု ဖြစ်ပွား ရန်ကုန်၊ မတ် ၇၊ ၂၀၁၆ တပ်မတော်လေယာဉ်များ အုပ်စုဖွဲ့ပျံသန်းလေ့ကျင့်ခန်းဆောင်ရွက်ရန်အတွက် လေယာဉ်များကို တောင်ငူလေတပ်စခန်းဌာနချုပ်မှ နေပြည်တော်သို့ ပြောင်းရွှေ့ရာ ယနေ့နံနက် ၁၁ နာရီ ၅၄မိနစ်ခန့်တွင် တပ်မတော်လေယာဉ်တစ်စီးသည် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်ပြေးလမ်းသို့ တောင်ဘက်မှ မြောက်ဘက်အတိုင်းဆင်းသက်စဉ် စက်မှုဆိုင်ရာချို့ယွင်းမှုကြောင့် အရှိန်ထိန်းလေထီးကြိုး ပြုတ်ထွက်ခဲ့ပြီး လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်မှ ပေ ၃၃၀ ခန့် ကျော်ထွက်၍ ပြေးလမ်းမီးတိုင် ၃ တိုင်အား တိုက်မိရပ်တန့်ခဲ့သည်။ လေယာဉ်ပြေးလမ်းအရှိန်လွန်မှုကြောင့် လေသူရဲထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ လေယာဉ်၏ဘီးများ ပျက်စီးခဲ့ကာ ဆီတိုင်ကီနှင့် လေယာဉ်ဦးပိုင်းတို့ ပျက်စီးခဲ့ကြောင်းသတင်းရရှိသည်။ သတင်းနှင့်ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments: