Monday, March 7, 2016

ကချင်ပြည်နယ် သဘာဝသယံဇာတအရင်းအမြစ်စီမံခန့်ခွဲမှု လူထုသဘော ထားကြေညာချက်ထုတ်ပြန်

ကချင်ပြည်နယ် သဘာဝသယံဇာတအရင်းအမြစ်စီမံခန့်ခွဲမှု လူထုသဘော ထားကြေညာချက်ထုတ်ပြန် ------------------------------------------- ကချင်ပြည်နယ်အတွင်းရှိ သဘာဝသယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံး စွဲရာမှ ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှုပြဿ နာ များ လျော့ကျစေရန်အတွက် ကချင်ပြည်နယ်လူထုက သဘာဝသယံဇာတ အရင်းအမြစ်စီမံခန့်ခွဲမှုသဘောထားကြေညာချက်တစ်စောင်ကို ယနေ့(မတ်လ ၇ ရက်) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်ကို ကချင်ပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း များ၊ နိုင်ငံရေးပါတီများနှင့် ဘာသာရေးအဖွဲ့အစည်းတို့မှ ခေါင်းဆောင်ပေါင်း ၁၀၃ ဦး ပူးပေါင်းဆွေးနွေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကြေညာချက်တွင် သဘာဝသယံဇာတများကို ကချင်ပြည်နယ်အစိုးရက တိုက်ရိုက်ထုတ်ယူသုံးစွဲခွင့်၊ အခွန်ကောက်ခံပိုင်ခွင့်နှင့် စီမံခန့်ခွဲခွင့်တို့ကို အခြေခံဥပဒေဖြင့် အာမခံထားပေးရန်၊ တိုင်းရင်းသားနယ်မြေများ တွင် ဖြစ် ပွားနေသည့်ပဋိပက္ခများကို တွန်းအားပေးစေသော စီမံကိန်းများနှင့် သယံဇာတ ထုတ်ယူခြင်းလုပ်ငန်းများကို ဖြေရှင်းနိုင်ခြင်းမရှိသရွေ့ ရပ်ဆိုင်းထားရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်နစ်နာနိုင်သည့်ပြဿနာများကို ကြိုတင် ကာကွယ်ခြင်းနှင့် စောင့်ကြည့်ကြပ်မတ်ခြင်း စသည့်အချက်များပါဝင်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်ညှိနှိုင်းရေးမှူးဒေါ်ခွန်ဂျာက ဆိုသည်။

No comments: