တစ်ဘက်က ...
ကိုယ်ပြောတဲ့ စကားသာ ...
အတည်ဖြစ်တယ်လို့ 
ကြေငြာချက်ထုတ်ထားတယ် ...
တစ်ချိန်တည်းမှာပဲ ...
စကားကျွံတဲ့ သူတွေ ..
သူမကြိုက်တာပြောမိတဲ့ အမတ်တွေ ...
အချီကြီး ခေါ်ဖြဲခံရတယ် ...
တစ်ဘက်ကကျတော့ ...
အကြံပေးရှေ့နေကြီးနဲ့ ...
ဗိုလ်ကြီးဟောင်းတစ်ဦး ...
ပါးစပ် စက်သေနတ်ပစ်နေတာကို ...
မသိချင်ယောင်ဆောင်နေတယ် ...
တက်လာမယ့် သမ္မတကိုလဲ ..
တင်သာတင်ရတယ် ...
စိတ်က မချဘူးနဲ့ တူပါရဲ့ ...
သမ္မတစောင့်ကြည့်ရေး ကော်မတီတစ်ခုဖွဲ့ပြီး
ပြန်ထိန်းချုပ်မလိုလို သတင်းထွက်နေတယ် ...
အဲဒီကော်မတီသာ ဖွဲ့ရိုးမှန်ရင် ...
ဌက် ကာလုံလို့  ကင်ပွန်းကြိုတပ်ရမှာပဲ ...
:-P :-P :-P :-P
အံမယ် ...
ကြားရပုံက ကိုယ်တွေရဲ့ အရင်ဒုညွှန်တောင် ...
အဲဒီကာလုံထဲ မိန့် မိန့် ကြီး ရောက်လာမတဲ့ ...
ခေါ်ပေးသူက ...
ကျွန်တော့်ကို သုံးပါဗျာ ...
ကျွန်တော့်ကို သုံးလိုက်စမ်းပါဗျာ ...
အို ဘာတဲ့ ...
ကျွန်တော့်ကို သုံးစမ်းပါဗျာလို့  ...
တစ်ချိန်လုံး ရေရွတ်နေသူကြီး ...
:-D :-D :-D :-D :-D
လခွမ်း ...
ကျော်က ငြိမ်းချမ်းရေးကိစ္စတွေ ...
မကြာခင် တာဝန်ယူရတော့မှာ ....
အာ့ကြောင့် အခု ခင်ဗျားနဲ့ တွေ့ချင်တယ်လို့ 
ခရိုနီကြီး တစ်ဦးကို ဖုန်းဆက်တောင်းဆိုသူ...
ဌက်တစ်ကောင်လဲ ရှိတယ်ဆိုပါလား
:-D :-D :-D
တစ်ချို့ သတင်းတွေအရတော့ ...
အချင်းချင်း ခုံနေရာလုတဲ့ တိုက်ပွဲဟာ ...
နဝတ နယကခေတ်ထက် မသာတောင် ...
လုံးဝ မလျော့နိုင်ပါတဲ့ ...
ဝန်ကြီး ဌာနတွေပေါင်းမယ်ဆိုတော့ ...
လုပ်ပိုင်ခွင့်တွေ ...
အဆမတန်ရလာတော့မယ့် ...
ညွှန်ချုပ်တစ်ချို့ က ...
ဒီတစ်ချီတော့ ...
ဘုန်းစွမ်းနဲ့ လူစကို ပြခွင့်ရပဟ လို့  ..
လက်ရုံးတော်ကို ...
ဆန့် တန်းကြွေးကြော် နေကြပြီ ဖြစ်သတဲ့ ...
တစ်ချို့ ကလဲ အန်တီ့ကို ...
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စောမောင်ဖြစ်မှာ..
စိုးရိမ်နေကြတယ် ...
နောက်ဆုံးရ သတင်းအရတော့ ...
လက်ရှိ ငြိမ်းချမ်းရေးကို ...
ဦးဆောင်နေသူတွေထဲက တစ်ဦးဟာ ...
ကျွန်တော့်ကို ဆက်တာဝန်ပေးပါ အမလို့  ..
သွားပြီး တောင်းပန်တိုးလျိုးသတဲ့ ...
ဟုတ်ကဲ့ ...
ကျွန်တော် မြန်မာရီဗျူးက ဘစိုးပါ ခင်ဗျာ ...
နေပြည်တော် သတင်းရပ်ကွက်က ...
အတည်မပြုနိုင်သေးတဲ့ ...
ရသမျှ သတင်းအတိုအစလေးတွေ...
စုစည်း တင်ဆက်လိုက်တာ ဖြစ်ပါတယ် ...
ပြောင်းလဲချိန် တန်ပြီ ....
:-D :-D :-D :-D
No comments:
Post a Comment