Friday, March 18, 2016

ဘွဲ့ရပြီးခါစ လူငယ်တွေ သိသင့်တဲ့ အချက် (၄) ချက်

မျှော်လင့်ချက်တွေ၊ အပေးအယူတွေ မပါဘဲ ရရှိခဲ့တဲ့ ချစ်ခြင်းတွေဟာ သူတို့ဆီကပဲ ရနိုင်ခဲ့တာကို တွေ့လာရပါလိမ့်မယ်။
play

၁ - ဘဝသစ်ကို လက်ခံ ရင်ဆိုင်ပါ
ကျောင်းပြီးတဲ့အခါ ပိုကြီးတဲ့ပြဿနာဆိုတဲ့ အစား ပိုကြီးတဲ့ တာဝန်ကိုယူလာရမှာဖြစ်ပါတယ်။ ကျောင်းသားဘဝတုန်းက သင့်တာဝန်က စာမေးပွဲအောင်ဖို့ပဲ ဖြစ်ပါတယ်။ သင်ဘာကို အောင်မြင်အောင် လုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းရှိပါတယ်။ လက်တွေ့ဘဝက ဒီလိုမဟုတ်ပါဘူး။ သင်ဘာကို အောင်မြင်အောင်လုပ်မယ်ဆိုတာကို ရှာဖွေဖို့တောင် ခက်နေတတ်ပါတယ်။ ကျောင်းသားဘဝကို အမြန်ဆုံးနှုတ်ဆက်ပြီး အခြေအနေသစ်ကို အမြန်ဆုံးလက်ခံရင်ဆိုင်သင့်ပါတယ်။
၂ - အလုပ်စရှာပါ
play

အလုပ် လုပ်ရတာ သင့်ဘဝအတွက် အကြီးမားဆုံးအပြောင်းအလဲကြီးပါပဲ။ ကိုယ့်ကိုယ်ကိုယ် မပိုင်တော့တာကြောင့် ကိုယ်ပိုင်အချိန်တွေ ပျောက်လာပါမယ်။ လုပ်ထားဖို့ ရည်ရွယ်ထားတာတွေလည်း မလုပ်ဖြစ်တဲ့အခြေအနေနဲ့ အဆုံးသတ်ရပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ပိုင်ဝင်ငွေရှိလာတာကြောင့် သင့်ဘဝကတော့ တည်ငြိမ်လာပါမယ်။ ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ မတည်ငြိမ်တဲ့ အခြေအနေကတော့ လွတ်သွားပါမယ်။
၃ - ကိုယ်ပိုင်အလုပ်နဲ့ အချိန်ပိုင်း
play

အကောင်းဆုံးကတော့ ကိုယ်ပိုင်လုပ်ငန်း လုပ်တာဖြစ်ပါတယ်။ ဒါမှမဟုတ် အချိန်ပိုင်းအလုပ်လုပ်ပြီး ဝါသနာတစ်ခုကို ဆက်လက်လေ့လာတာဖြစ်ပါတယ်။ နှစ်ခုစလုံးကတော့ မလွယ်ပါဘူး။ ဒါပေမဲ့ ရေရှည်မှာ သူများ အလုပ်လုပ်တာထက် ပိုသာပါတယ်။
၎ - အချစ်ဆုံးတွေကို မမေ့နဲ့
play

သင်အချစ်ဆုံး သူငယ်ချင်း၊ သင် အချစ်ဆုံး ချစ်သူ၊ သင် အချစ်ဆုံး ဝါသနာတွေကို ဘယ်တော့မှ အဆက်အသွယ် မဖြတ်လိုက်ပါနဲ့။ ဒါတွေကို မေ့ပစ်ခဲ့မိတဲ့အတွက် သတ်လတ်ပိုင်းအရွယ်မှာ နောင်တရလာပါလိမ့်မယ်။ မျှော်လင့်ချက်တွေ၊ အပေးအယူတွေ မပါဘဲ ရရှိခဲ့တဲ့ ချစ်ခြင်းတွေဟာ သူတို့ဆီကပဲ ရနိုင်ခဲ့တာကို တွေ့လာရပါလိမ့်မယ်။
Photos & Source:Lifeh

No comments: