Friday, March 18, 2016

လတ်တလော ခေတ်စားနေတဲ့ စက္ကူနဲ့ခါးတိုင်းနည်း

သေးသိမ်တဲ့ခါးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေကတော့ ကြွားလို့ကောင်းတာပေါ့။
play

လတ်တလောမှာ အမျိုးသမီးတွေကြား ခေတ်စားနေပြန်တဲ့အရာကတော့ စက္ကူနဲ့ ခါးကိုတိုင်းတာနည်းပါ။ အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ခန္ဓာ လှပမှုကို သတ်မှတ်တဲ့နေရာမှာ ခါးသေးသွယ်မှုကလည်း တစ်ခုအပါအဝင် ဖြစ်တာကြောင့် ခါးသေးသွယ်ကြောင်း စက္ကူတစ်ရွက်နဲ့ နှိုင်းယှဉ်ပြနေကြတာ ဖြစ်ပါတယ်။
play

A4 စက္ကူကို ခါးပေါ်မှာ အလျားလိုက် (ဒေါင်လိုက်) ကပ်ပြထားပြီး စက္ကူနဲ့တစ်သားတည်းဖြစ်နေတဲ့ခါးကို ပိုင်ဆိုင်ထားသူတို့က ဂုဏ်ယူစွာနဲ့ လူမှုကွန်ရက်တွေပေါ်မှာ ဓာတ်ပုံတွေ တင်နေကြတာ တွေ့ရပါတယ်။
play
စက္ကူနဲ့ ခါးကို တိုင်းတာပြထားတဲ့ ပုံတွေဟာ အာရှမှာသာမကဘဲ ဥရောပနိုင်ငံအချို့ကိုပါ ကူးစက်ပျံ့နှံ့နေပါပြီ။ မြန်မာနိုင်ငံက သေးသွယ်တဲ့ခါးကို ပိုင်ဆိုင်ထားသူလေးတွေကလည်း အားကျမခံ A4 လေးတွေ ခါးမှာကပ်ပြီး ဓာတ်ပုံတွေ ရိုက်ပြနေကြပါတယ်။
Photos : Twitter

No comments: