အယ်လ်နီညို ရာသီဥတုကြောင့် မြန်မာနိုင်ငံထဲက ပြည်နယ်နဲ့တိုင်း ၁၁ ခုက ဒေသအချို့မှာ ရေလိုအပ်ချက်များနေတယ်လို့ သိရပါတယ်။
ပြင်းထန်တဲ့ အယ်လ်နီညိုရာသီဥတုကြောင့် မြန်မာနိုင်ငံထဲက ပြည်နယ်နဲ့တိုင်း ၁၁ ခုက ဒေသအချို့မှာ ရေလိုအပ်ချက်များနေတယ်လို့ သိရပါတယ်။ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့က ကျန်ဒေသတွေထက် ရေလိုအပ်ချက်များနေတယ်လို့ သိရပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ ကယား၊ ကချင်၊ ရှမ်း၊ ရခိုင်နဲ့ မွန်ပြည်နယ်တို့မှာ သောက်သုံးရေပေးဝေနေပြီး မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ရေလိုအပ်ချက်အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး သာပေါင်း မြို့နယ်မှာ သောက်သုံးရေ လိုအပ်နေတာကြောင့် ရေအလှူရှင်တွေ အမြန်ဆုံးလာရောက်ဖို့ ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။
ဒီနှစ်မှာ မြန်မာနိုင်ငံဒေသအသီးသီးက ကျေးရွာ ၁,၇၀၀ ကျော်မှာ ရေအခက်အခဲရှိနိုင်တယ်လို့ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်။
သောက်သုံးရေ အခက်အခဲဖြေရှင်းဖို့ နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေကျပ်၁၁၅သန်းနဲ့ နိုင်ငံတော်ရန်ပုံငွေ ၁၁၈သန်း အသုံးပြုသွားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ မြန်မာတစ်နိုင်ငံလုံးက ကျေးရွာ ၄၆၄ ရွာမှာ ရေရှားပါးပြတ်လပ်မှု ပြဿနာကြုံ တွေ့ခဲ့ရပါတယ်။
Source : 7DayDaily
Photo : 7DayDaily,womennewsnetwork
No comments:
Post a Comment