Saturday, March 5, 2016

"ကွန်တိန်နာနှင့် သယ်လာသည့်ဘိန်းဖြူနှင့် မူးယစ်ဆေးများမန္တလေးတွင် ဖမ်းမိ"

"ကွန်တိန်နာနှင့် သယ်လာသည့်ဘိန်းဖြူနှင့် မူးယစ်ဆေးများမန္တလေးတွင် ဖမ်းမိ"

ပြည်ကြီးတံခွန်မြို့နယ် ၆၁ လမ်းစံပြနှင့် မင်္ဂလာလမ်းကြားရှိ ခြံဝင်းတစ်ခု အတွင်းမှ ကွန်တိန်နာကားတစ်စီးပေါ်တွင် အရေအတွက်များပြားသည့် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူအမြောက်အမြားကို မတ်လ ၅ ရက် နေ့လယ် ၁၂ နာရီခန့်က ဖမ်းဆီးရမိခဲ့သည်။
အဆိုပါမူးယစ်ဆေးနှင့် ဘိန်းဖြူများကို အမျိုးသားသုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အထူးမူးယစ်တပ်ဖွဲ့မန္တလေးက စစ်ဆေး လျက်ရှိကြောင်း ပြည်ကြီးတံခွန်မြို့နယ်မှူးက ပြောသည်။
‘‘စစ်နေတုန်းပဲရှိသေးတယ်။ အရေအတွက်ကများ တဲ့အတွက် ပြောလို့မရသေးဘူး’’ဟု မြို့နယ်မှူးက ပြောသည်။
ဓာတ်ပုံ - ဖြိုးဖြိုးဇော်

No comments: