#နည်းပညာလွှမ်းမိုးမှုခံသွားရနိုင်သောလွှတ်တော်
======================================
လွှတ်တော်ဆိုတာနိုင်ငံတခုရဲ့အမြင့်ဆုံးသော ဥပဒေပြုရာအဖွဲ့အစည်း၊ နိုင်ငံတစ်ခုရဲ့ အချက်အခြာမြေပါ။ စစ်ရေးအမြင်အရ အချက်အခြာမြေလို့တင်စားရခြင်းပါ။ အချက်အခြာမြေကျ သွားရင် စစ်နယ်ဝန်းတစ်ခုကျဆုံးပြီလို့ယူဆနိုင်ပါတယ်။
ဒါ့ကြောင့်လုံခြုံရေးအရသိပ်တင်းကြပ်ရပါလိမ့်မယ်။ နိုင်ငံတကာလွှတ်တော်တွေရဲ့ လုံခြုံရေးကိုလေ့လာကြည့်မယ်ဆိုရင်လည်း ဘယ်လောက်ထိတင်းကြပ်ကန့်သတ်ထားတယ်ဆိုတာတွေ့ရမှာပါ။ ဌာနတစ်ခုနဲ့တစ်ခု သွားရင်တောင် အင်္ကျီ၊ ခါးပတ်၊ နာရီချွတ်၊ X rayဖြတ်အဆင့်ဆင့်အစစ်ခံရပါတယ်။
လွှတ်တော်အနေနဲ့ လွန်ခဲ့တဲ့၃နှစ်လောက်ကစပြီး UNDPနှင့်အခြားအဖွဲ့အစည်းများမှ အမေရိကန်ဒေါ်လာ သန်း၃၀၀ကျော်ကူညီပေးမယ်ဆိုတဲ့ကမ်းလှမ်းချက်တွေနဲ့ စတင်ချည်းကပ်ခံခဲ့ရတာပါ။
ယနေ့အချိန်မှာတော့ လွှတ်တော်ရဲ့ Floorတစ်ခုလုံးကိုယူပြီး ရုံးတွေဖွင့်၊ နည်းပညာပိုင်းမြှင့်တင်ပေးမယ်၊ Research လုပ်ပေးမယ်စသဖြင့် မက်လုံးများနဲ့စတင်ခဲ့ပါတယ်။ သူတို့ ဘာစက်တွေယူလာသလဲ?။ ဘာတွေဘယ်နေရာမှာတပ်ပြီးပြီလဲ? အမတ်တွေရဲ့ မဲပေးစနစ်၊ ဆွေးနွေးတင်ပြချက်များဆိုင်ရာ နည်းပညာအားလုံးကို သူတို့ချုပ်ကိုင်ထားပြီလိုဆိုနိုင်ပါတယ်။
အမတ်မင်းအားလုံးနဲ့ဆိုင်တဲ့ dataတွေ၊ဥပဒေပြုရေး၊ ကော်မတီအသီးသီးရဲ့ dataတွေ၊ နိုင်ငံအမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံတော်လုံခြုံရေးနဲ့ဆိုင်တဲ့အချက်အလက်အားလုံး လွှတ်တော်မှာရှိသမျှ သူတို့ရသွားလောက်ပါပြီ။ သူလျှိုလွှတ်စရာမလိုပဲ အသာလေးရနိုင်တဲ့နည်းလမ်းပါ။
အဲ့ဒိပြည်ပအဖွဲ့အစည်းတွေရဲ့ နည်းပညာပိုင်းဆိုင်ရာလုပ်ဆောင်မှုနဲ့ပတ်သက်လို့ မည်သူ့ကို စစ်ဆေးခွင့်ပေးထားပါသလဲ၊ လုပ်ဆောင်မှုတွေကို မည်သူ့ကိုအစီရင်ခံလို့ မည်သူကခွင့်ပြုမှာပါလဲ၊ Progressတွေဟာရော ဘာတွေရှိနေသလဲ၊ ဒါတွေဟာ မျက်ခြေမပြတ်သင့်တဲ့အချက်တွေပါ။
အရှင်းဆုံးပြောရရင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ mobileတယ်လီဖုန်းတွေအသုံးပြုဆက်သွယ်မှုကိုတောင် နားထောင်လို့ရနေနိုင်နေပြီလား။ အများကြီး ဝန်မကျယ်တဲ့ စက်ပစ္စည်းတွေပါ။ လုံခြုံမှုဆိုတာ ဘာပါလဲ။ လုံခြုံမှူဆိုရာမှာ သတင်းလုံခြုံမှု၊ လူပုဂ္ဂိုလ်လုံခြုံမှုနဲ့ နိုင်ငံတော်လုံခြုံမှုတွေအကျုံးဝင်နေပါတယ်။
ကျနော်အနေနဲ့ အဆိုးမြင်ဝါဒဖြင့်ရှုမြင်ခြင်း အလျဉ်းမရှိပါ။ ကူညီဆောင်ရွက်ပေးမှုဟုသာရှုမြင်သော်လည်း သတိဟူသည်ပိုသည်မရှိပါ။ ဒီအချိန်မှာ လူမျိုး၊ ဘာသာ၊ အယူအဆ၊ နိုင်ငံရေးခံယူချက်၊ အဖွဲ့အစည်း ၊ ပါတီစွဲ ကင်းစွာနဲ့ မြန်မာနိုင်ငံသားမှန်ရင် မြန်မာ့လွှတ်တော်ကို နည်းပညာအရ ကျဆုံးမသွားရအောင် ထိန်းသိမ်းနိုင်ရေးသတိညဏ်လေးရှိဖို့ တာဝန်ရှိသူများအား အသိပေးတိုက်တွန်းအပ်ပါတယ်။
No comments:
Post a Comment