Saturday, March 5, 2016

ဒေါ်လာဈေး ကျဆင်းမှုနှင့်အတူ မြန်မာ့ရွှေဈေး ကျပ် ၉၀၀၀ ခန့် ဆက်လက်ကျဆင်း -------- ---------- --------

ဒေါ်လာဈေး ကျဆင်းမှုနှင့်အတူ မြန်မာ့ရွှေဈေး ကျပ် ၉၀၀၀ ခန့် ဆက်လက်ကျဆင်း -------- ---------- -------- ဒေါ်လာဈေး ကျဆင်းလာမှုကြောင့် မတ်လ ၄ ရက်တွင် မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ကိုးထောင်ခန့် ထပ်မံကျဆင်းလာကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။ ဒေါ်လာဈေးသည် မတ်လ ၃ ရက် တွင် တစ်ဒေါ်လာလျှင် ၁၂၁၅ ကျပ် ရှိခဲ့ရာမှ မတ်လ ၄ ရက်တွင် တစ်ဒေါ်လာ ၁၁၉၀ ကျပ်သို့ ကျဆင်းလာသည့်အတွက် မြန်မာ့ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၇၉၂၀၀၀ ကျပ် ရှိရာမှ ၇၈၃၀၀၀ သို့ ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။ ''ဒေါ်လာဈေးကျလာလို့ မြန်မာ့ရွှေဈေး ကျတယ်။ ကမ္ဘာ့ရွှေဈေးကတော့ အနည်းငယ် တက်ပါတယ်။ အရောင်း အဝယ်ပုံမှန်ပါပဲ'' ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။ ကမ္ဘာ့ရွှေဈေးသည် မတ်လ ၃ ရက်က တစ်အောင်စလျှင် ၁၂၄၀ ဒေါ်လာ ရှိခဲ့ရာမှ မတ်လ ၄ ရက်တွင် တစ်အောင်စ ၁၂၆၀ သို့ မြင့်တက်ခဲ့သော်လည်း ဒေါ်လာဈေး ကျလာသောကြောင့် မြန်မာ့ရွှေဈေးပါ ကျဆင်းရခြင်း ဖြစ်ကြောင်း သိရသည်။ ''ကမ္ဘာ့ရွှေဈေးက အာရှဈေးနဲ့ အမေရိကန်ဈေးက မငြိမ်တော့ ခန့်မှန်းရခက်တယ်။ ပြည်တွင်းမှာက ဒေါ်လာငွေ ဈေးကျလာတော့ မြန်မာ့ရွှေဈေးပါ လိုက်ကျတဲ့သဘောပါ'' ဟု အောင်သမာဓိရွှေဆိုင် အထွေထွေ မန်နေဂျာ ဦးမော်မော်က ပြောသည်။ မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေး နှင့် ဒေါ်လာဈေးတို့ အပေါ်တွင် မူတည်နေပြီး ၂၀၁၅ ခုနှစ်က ဒေါ်လာဈေး မြင့်မားမှုကြောင့် မြန်မာ့ရွှေ တစ်ကျပ်သားလျှင် ၈၀၃၀၀၀ ကျပ် သို့ ရောက်ခဲ့ကြောင်း ဦးမော်မော်က ဆိုသည်။ မြန်မာ့ရွှေဈေးသည် မတ်လ ၄ ရက် နေ့လယ်ပိုင်းဈေးအရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၈၃၀၀၀ ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၇၃၃၀၀၀ ကျပ် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၂၆၀ ဒေါ်လာနှင့် ပြင်ပပေါက်ဈေးများအရ အမေရိကန် တစ်ဒေါ်လာလျှင် ၁၁၉၀ ကျပ် ဝန်းကျင် ဖြစ်နေကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ သတင်း - MMK The Ladies News

No comments: