သမ္မတတာဝန်လွှဲအပ်ပွဲအခန်းအနားနှင့် သူရို့၏မှတ်ချက်များ
=======================================
သမ္မတအာဏာလွှဲအပ်ပွဲအခန်းအနားကို ၃၁-၃-၂၀၁၆ ရက်နေ့တွင် လွှတ်တော်မှာကျင်းပမည်ဖြစ်ပြီး သမ္မတအိမ်တော်တွင်ကျင်းပခြင်းမဟုတ်၍ လက်ရှိ သမ္မတ ဦးသိန်းစိန်မတက်ရောက်၊ သမ္မတအိမ်တော်တွင် ကျင်းပမည့်ညစာစားပွဲကိုသာ တက်ရောက်မည်ဟု NLD ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးဝင်းထိန် က ပြောကြားကြောင်း ကုမုဒြာဂျာနယ် Website တွင် ဖော်ပြထားသည် ဖတ်ရ၏။
အဆိုပါ Status ၏ အောက်တွင်လည်း နိုင်ငံတော်နှင့်ဆိုင်သည့် ကိစ္စရပ်အား Formal အတိုင်းလုပ်လိုသည့် သမ္မတဦးသိန်းစိန်အား NLD ထောက်ခံသူများက ဝိုင်းဝန်းအပြစ်တင်ရှုံ့ချထားလေသည်။
ထိုဖြစ်စဉ်တွင် ဦးသိန်းစိန်မှ အမည်မသိသမ္မတ ကို သမ္မတအာဏာလွှဲသည်မဟုတ်။ အစိုးရဟောင်း၏ သမ္မတမှ အစိုးရသစ်၏ သမ္မတ ကို သမ္မတအာဏာလွှဲသည့်အခန်းအနားဖြစ်လေသည်။
သိုဖြစ်၍ နိုင်ငံတော်နှင့်ပတ်သက်သောကိစ္စရပ်များကို သိက္ခာရှိစွာ Formal အတိုင်းလုပ်ရန်လိုပေသည်။
အားလုံးသည်သမိုင်းဝင်မည့် ဖြစ်ရပ်များဖြစ်ကြသည်။
လမ်းဘေးဈေးရောင်းသည်လျှင်ပင် ဆိုင်ခင်းသည့်နည်းစနစ်ရှိပေးသည်။
အရပ်ဆန်၍မရ။ ဇာတ်ဆန်၍မရ။
Formal အတိုင်း သမ္မတ လွှဲအပ်ပွဲကို သမ္မတအိမ်တော် သို့မဟုတ် သမ္မတ ၏ ရုံးတွင်သာလုပ်ရမည်ဖြစ်သည်။
အဆန်းထွင်၍ လွှတ်တော်တွင်မလုပ်သင့်။
သမ္မတသည် လွှတ်တော်လက်အောက်ခံမဟုတ်။
တရားဝင်ဖြစ်ဆဲ အခြေခံဥပဒေတွင်လည်း သမ္မတသည် နိုင်ငံတော်၏ အမြင့်ဆုံး ဥသျှောင်ဖြစ်သည်။
သမိုင်းဆိုသည်မှာ နောင်လာနောက်သားများ အတုယူရန် သို့တည်းမဟုတ် သင်ခန်းစာ ယူရန်ဖြစ်၏။
သမ္မတ ၏ အဆင့်အတန်းကို လွှတ်တော်အောက် ပို့သည့် ဖြစ်ရပ်မျိုးကို နောင်လာနောက်သားတို့အား လမ်းပြရန်မသင့်ချေ။
ထိုသည်လောက်ကိုတော့ အနိုင်ရပါတီမှ နားလည်ရန်လိုသလို NLD ထောက်ခံသူများ အနေဖြင့်လည်း သိရန်လိုပါသည်။ အနိုင်ရတုန်း လုပ်ချင်တာလုပ်မည်ဟူသော စိတ်ဓာတ်မျိုး မပြောင်းလဲသ၍ ဘယ်သောအခါမှ တိုင်းပြည်တည်ငြိမ်တိုးတက်လိမ့်မည် မဟုတ်ချေ။
လေးစားစွာဖြင့်
ကိုအောင်
( ၄-၃-၂၀၁၆ ) ၁၅:၅၀ နာရီ
No comments:
Post a Comment