ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် ၈.၃.၂၀၁၆ နေ့ နံက်ပိုင်းတွင် နှစ်ထပ်အိမ် တစ်လုံး လူသွားလမ်းမကြီးပေါ် ပြိုကျခဲ့သည့်အတွက် လမ်းမပေါ်တွင် သွားလာနေသူတစ်ချို့ နှင့် မော်တော်ဆိုင်ကယ်တွေ ပျက်စီးသွားတယ်လို့ သိရပါသည် ။
ပြိုကျသွားသော အဆိုပါ နှစ်ထပ်အိမ်မှာ မိုးတွင်းကာလတွင် နှစ်စဉ် ရေကြီးရေလျှံ ဒဏ်ခံရမှုကြောင့် ရွှံနွံများဖြင့် ပြည့်လျှံနေသည့်အတွက် အိမ်ကို အထက်သို့ (၅)ပေခန့် မြှင့်ရာမှ ယခုလို ပြိုကျခဲ့ခြင်း ဖြစ်သည်ဟု ဆိုင်းတောင်ရွာသားမျက်မြင်တစ်ဦးက ပြောပါသည် ။
ဆိုင်းတောင်းကျေးရွာသည် မိုးရာသီတွင် နှစ်စဉ်ရေကြီးရေလျှံမှု ဒဏ်ကို အဆိုးရွားဆုံး ခံရသော ကျေးရွာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အများဆုံးလည်းဖြစ်ပါသည်။
No comments:
Post a Comment