Sunday, March 13, 2016

အီတလီစီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက် =========================

အီတလီစီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်
=========================
ချီယေဗို နှင့် အေစီမီလန် (တနင်္ဂနွေည ၆း၀၀ နာရီ)
-----------
ချီယေဗိုနဲ့ အေစီမီလန်ရဲ့ နောက်ပိုင်းရလဒ်တွေက သိပ် မကွာပါဘူး။ အေစီမီလန်အသင်းကလည်း အိမ်ကွင်းလောက်ပဲ အဆိပ်ရှိသလိုဖြစ်နေပြီး အဝေးကွင်းမှာတော့ သာမန်ခြေစွမ်းပဲရှိပါတယ်။ အဝေးကွင်းနောက်ဆုံးနှစ်ပွဲမှာ နာပိုလီကို သရေခံကစားခဲ့ပေမယ့် ဆာဆူအိုလိုကို ရှုံးခဲ့တယ်။ ဒီပွဲလည်း ချီယေဗိုကို အေစီမီလန် မနိုင်လောက်ဘူး။

ကာပီ နှင့် ဖရိုဆီနိုနီ (တနင်္ဂနွေည ၈း၃၀ နာရီ)
-----------
ကာပီက ဘိုလော့ဂ်နာအသင်းနဲ့ပွဲမှာ သရေတစ်မှတ်ကို ခက်ခက်ခဲခဲ ရယူခဲ့တယ်။ ခြေစွမ်းပိုင်းမယှဉ်နိုင်ပေမယ့် ကာပီရဲ့ ကစားပုံကမာကျောပြီး ခံစစ်ပိုင်းကလည်း တော်တော်လေးကောင်းလာတာတွေ့ရတယ်။ ဖရိုဆီနိုနီက နောက်ဆုံး (၅)ပွဲမှာ (၂)ပွဲနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး
ခြေစွမ်းလည်းသာပါတယ်။ ဂိုးနည်းနည်းနဲ့ သရေကျမယ်။ (၀-၀၊ ၁-၁)ပဲဖြစ်လိမ့်မယ်။

ဖီအိုရင်တီးနား နှင့် ဗီရိုနာ (တနင်္ဂနွေည ၈း၃၀ နာရီ)
-------
ဖီအိုရင်တီးနားအသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်က ရိုးမားအသင်းကို ဂိုးပြတ်ရှုံးပြီးတဲ့နောက် ကုန်လုလုဖြစ်သွားပါပြီ။ ဒါပေမဲ့ ဥရောပ၀င်ခွင့်မျှော်လင့်ချက်ရှိသေးတယ်။ အမှားခံလို့ မရဘူး။ အိမ်ကွင်းရလဒ်လည်း အရမ်းကောင်းနေတယ်။ ဒါကြောင့် ဒီလိုပွဲမျိုးမှာ သေချာပေါက်အနိုင်ကစားလိ့မ့်မယ်။ ဗီရိုနာရဲ့ အဝေးကွင်းခြေစွမ်းနဲ့ ရလဒ်ကလည်း အားရစရာမရှိပါဘူး။ ဖီအိုရင်တီးနား (၂-၀)ပါပဲ။

အူဒီးနီးစ် နှင့် ရိုးမား (တနင်္ဂနွေည ၈း၃၀ နာရီ)
--------
အခွင့်အရေးကောင်းများစွာကို ဖန်တီးနိုင်ခဲ့ပေမယ့် ဖရိုဆီနိုနီအသင်းက အပိုင်အခွင့်အရေးတွေကို အသုံးချပြီး အူဒီးနီးစ်ကို အနိုင်ကစားသွားတယ်။ ဒါကြောင့် အူဒီးနီးစ်က ရာသီကုန်ခါနီးမှာ တန်းဆင်းအန္တ္တရာယ်ကို ကြုံတွေ့လာရပါတယ်။ ရိုးမားအသင်းက နိုင်ပွဲတွေဆက်တိုက်ရပြီး
ခြေစွမ်းပြနေတဲ့အသင်းပါ။ ဒါပေမဲ့အူဒီးနီးစ်ရဲ့ ရုန်းအားကြောင့် ဒီပွဲက မထင်မှတ်ဘဲ သရေကျသွားနိုင်တယ်။

ဂျီနိုအာ နှင့် တိုရီနို (တနင်္ဂနွေည ၈း၃၀ နာရီ)
--------
တိုရီနိုက အေစီမီလန်၊ လာဇီယိုတို့နဲ့ပွဲတွေမှာ ခြေစွမ်း ပိုင်းညံ့ဖျင်းခဲ့တယ်။ ဂျီနိုအာအသင်းကလည်း ပြီးခဲ့တဲ့ပွဲမှာ အနိုင်ရခဲ့ပေမယ့် လက်ဆောင်ဂိုးကြောင့် နိုင်ခဲ့တာဖြစ်ပြီး ကစားပုံက အားရစရာမရှိဘူး။
ခြေစွမ်းပိုင်း ကျဆင်းနေတဲ့အသင်းနှစ်သင်းရဲ့ ပွဲစဉ်ဖြစ်ပြီး တစ်သင်းနဲ့တစ်သင်း အနိုင်ရလောက်တဲ့ စွမ်းရည်မျိုးမရှိဘူး။ သရေနဲ့ ပြီးလိမ့်မယ်။

လာဇီယို နှင့် အတ္တလန်တာ (တနင်္လာနံနက် ၂း၁၅ နာရီ)
--------
လာဇီယိုက ပြီးခဲ့တဲ့ပွဲမှာ တိုရီနိုကို သရေပဲကစားနိုင်ခဲ့တယ်။
နိုင်သင့်တဲ့ပွဲတစ်ပွဲကို အနိုင်မကစားနိုင်ခဲ့တာစိတ်ပျက်စရာပါ။ အတ္တလန်တာကလည်း နိုင်ပွဲတွေနဲ့ ဆက်တိုက်ဝေးနေတယ်။ တန်းဆင်းဇုံတိုက်ပွဲအတွက် ရုန်းကန်ရမယ့်အချိန်ဆိုပေမယ့် လာဇီယိုအသင်းရဲ့ကွင်းမှာတော့ သရေခံကစားဖို့ မဖြစ်နိုင်လောက်ဘူး။ လာဇီယိုအနိုင်သေချာတယ်။

ပါလာမို နှင့် နာပိုလီ (တနင်္လာနံနက် ၂း၁၅ နာရီ)
--------
ပါလာမိုအသင်းရဲ့ ရလဒ်ဆိုးတွေက ဆက်တိုက်လာနေတုန်းပဲ။ ပြီးခဲ့တဲ့ပွဲမှာလည်း ဆန်စီရိုမှာ အင်တာမီလန်ကို ဂိုးပြတ် အရှုံးပေးခဲ့ရတယ်။ ဒီပွဲက အိမ်ကွင်းပွဲစဉ်ဆိုပေမယ့် ကစားရမှာက စီးရီးအေရဲ့ တိုက်စစ်အထက်မြက်ဆုံးအသင်းဖြစ်နေပြီး ပါလာမိုကလည်း ခံစစ်ညံ့လို့ နာပိုလီ (၁-၃)လောက်နဲ့နိုင်မယ်။


No comments: