Tuesday, December 22, 2015

ဒေါ်စိမ်းစိမ်းအတွက် ရန်ကုန်က ဟင်္သာတ ဦးမြင့်ငွေ က ကျပ်တစ်သိန်း ။ကန့်ကော်တော ဦးမျိုးအောင် က ကျပ်တစ်သိန်း ကိုအမိုင်း က ကျပ်တစ်သိန်း မြန်မာနိုင်ငံဂီတအစီးအရုံးက ကျပ်နှစ်သိန်း စုစုပေါင်း ကျပ် ငါးသိန်း ကန်တော့လိုက်ကြောင်း

ဒီနေ့မနက် ဆရာဦးဝင်းငြိမ်း ရောက်လာတယ် မန္တလေး ကိုရောက်ခိုက် လုပ်စရာအလုပ် ပါလာတယ် ဆိုပြီး
မြို့မတေးသဲရှင် ဟောင်း ဒေါ်စိမ်းစိမ်း နဲ့ တွေ့ချင် တယ် လို့ ဆိုပါတယ်
ဒေါ်စိမ်းစိမ်းအတွက် ရန်ကုန်က ဟင်္သာတ ဦးမြင့်ငွေ က ကျပ်တစ်သိန်း ။ကန့်ကော်တော ဦးမျိုးအောင် က ကျပ်တစ်သိန်း
ကိုအမိုင်း က ကျပ်တစ်သိန်း မြန်မာနိုင်ငံဂီတအစီးအရုံးက ကျပ်နှစ်သိန်း စုစုပေါင်း ကျပ် ငါးသိန်း ကန်တော့လိုက်ကြောင်းပြောပါတယ် ။
မြို့မ အသံအင်ဂျင်နီယာ ကိုချာလီ ကိုလှမ်းဆက်သွယ်မေးမြန်းပြီး
အမေ ဒေါ်စိမ်းစိမ်း ရှိရာ ပလိုင်းရပ်က နေအိမ် လေး ကို ဆရာဦးဝင်းငြိမ်း နဲ့အတူ ကိုယ်ထိ လက်ရောက် ပေးအပ်လှုဒါန်းခဲ့ပါတယ် ။
ဒေါ်စိမ်းစိမ်း ဟာ အသက် ၈၆ နှစ် ရှိရှာပါပြီ သူသီဆိုခဲ့တဲ့ ရွှေမန်းဆီသို့ သီချင်းဟာ ခုထက်တိုင် လှုပ်ခတ်နေဆဲဖြစ်ပါတယ်
ဒေါ်စိမ်းစိမ်း ကို ပြုစုစောင့်ရှောက် နိုင်ဖို့အတွက် ဆရာမသန်းမြင့်အောင် က အနုပညာသက်ကြီးစင်တာမှာ ထားပေးမယ်လို့ ဖုန်းဆက် အကြောင်းကြားလို့ဝမ်းသာရပါတယ်
လှုဒါန်းကြတဲ့ စေတနာရှက်များ နဲ့အတုတကွ တကူးတက အကျိုးဆောင် ပေးတဲ ဆရာဦးဝင်းငြိမ်း ကို ကျေးဇူးတင်ပါတယ် ။
                                                       ဆွေနိုင်စစ်

No comments: