Tuesday, December 22, 2015

လုံးခင်း နှစ်ခြင်းအသင်းတော် နှင့် ဆိုင်းတောင် တရုတ် နှစ်ခြင်းအသင်းတော် တို့မှ ပူးပေါင်း ကျင်းပပြုလုပ်သော …

ဟိုနေ့ က …

လုံးခင်း နှစ်ခြင်းအသင်းတော် နှင့် ဆိုင်းတောင် တရုတ် နှစ်ခြင်းအသင်းတော် တို့မှ ပူးပေါင်း ကျင်းပပြုလုပ်သော …

(၆) ကြိမ်မြောက် ခရစ္စမတ်ပွဲတော် ဖြစ်မြောက်ရေး အကျိုးတော်ဆောင် မိတ်ဆွေများ မှ …

မိမိနှင့်တကွ မိတ်ဆွေများကို ဖိတ်ကြားလာ သဖြင့် သွားရောက်ခဲ့ကြပါတယ်…

တရုတ် ခရစ်ယာန် ကျောက်သမားများ တော်တော်များများ တက်ရောက်လာကြသလို ဟောင်ကောင် မင်းသား /မင်းသမီးများ ကဲ့သို့ချောမောလှပသော ဒီဇိုင်းလန်းသော ကျောက်ဝယ်လက် ပေါက်ဖေါ်များလည်း တက်ရောက်ခဲ့ကြတာကို မြင်ခဲ့ရပါတယ် …

နှစ်ဖက် အသင်းတော် မှ
ချောမောလှပ ငယ်ရွယ်သော လူငယ်မောင်မယ်များ မှ
ခရစ္စမတ်နှင့် ပတ်သက်သော မြူးမြူးကြွကြွ တေးသရုပ်ဖော် အကများ အဆိုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး …

သက်ဆိုင်ရာ နှစ်ဖက် အသင်းတော်များမှ ဓမ္မဆရာကြီးများကလည်း ( ဗမာစကား တရုတ်စကားများဖြင့် ) ဒေသနာတော် ဟောကြားခြင်း ဆုတောင်းပေးခြင်းများ ပြုလုပ်ပေးခဲ့ကြပါတယ်…

၎င်းနောက်
တက်ရောက်လာသူများမှ အပြန်အလှန် မိတ်ဆက်နုတ်ဆက်ကြပြီး
တည်ခင်းဧည့်ခံကျွေးမွေးသော တရုတ်ရိုးရာ ထမင်းဟင်းမျိုးစုံ သစ်သီးတို့ကို တစ်ပျော်တစ်ပါး အားပါးတရ စားသောက်ကြရင်း …

စားပွဲဝိုင်းမှ မိတ်ဆွေများနှင့် စကားလက်ဆုံကြခဲ့ပါတယ် … :-)

No comments: