ဂျပန်လေလံမော်တော်ယာဉ်ဈေးနှင့် ပါကင်ပါမစ်ဈေးနှုန်းများ စံချိန်တင်မြင့်တက်
ရန်ကုန်၊ဒီဇင်ဘာ၂၄
မော်တော်ယာဉ်မူဝါဒသစ်ကြောင့် ဂျပန်လေလံဈေးကွက်တွင် လေလံဆွဲသူများပြားလျက်ရှိသည့်အတွက် မော်တော်ယာဉ်လေလံဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ပါကင်ပါမစ်ဈေးနှုန်းများသည်လည်း စံချိန်တင်မြင့်တက်လျက်ရှိကြောင်း အဆိုပါဈေးကွက်များအတွင်းမှသိရသည်။
ဂျပန်လေလံမော်တော်ယာဉ်ဈေးကွက်တွင် တစ်ဦးချင်းတင်သွင်းခွင့်ဖြင့်တင်သွင်းကြသည့် မော်တော်ယာဉ်(အင်ဂျင်ပါဝါ၁၃၀၀စီစီ) များနှင့် မီနီထရပ်ယာဉ်များ၏ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ပြီး တစ်စီးလျှင်ဂျပန်ယန်း၅၀၀၀၀ (အမေရိကန်ဒေါ်လာ၄၁၅) မှ ယန်းတစ်သိန်းကျော်(အမေရိကန်ဒေါ်လာ၈၂၀)အထိ ဈေးမြင့်လျက်ရှိကြောင်း လေလံဈေးကွက်အတွင်းထံမှသိရသည်။
ပါကင်ပါမစ်ဈေးနှုန်းများသည်လည်း တစ်စောင်လျှင်ကျပ်၁၂သိန်းကျော်အထိဖြစ်ပေါ်လျက်ရှိပြီး ယင်းဈေးမှာယခုနှစ်အတွင်းအမြင့်ဆုံးဈေးတစ်ရပ်ဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှသိရသည်။
“လေလံကအဆွဲကောင်းလို့ဈေးတက်တာပေါ့။ ပါကင်ကလည်းလိုတဲ့လူတွေကဝယ်နေကြတာပါပဲ” ဟု မော်တော်ယာဉ်လုပ်ငန်းရှင် ဦးမြတ်မင်းချစ်ကပြောဆိုသည်။
လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ခုနှစ်များအရ တစ်ဦးချင်းတင်သွင်းခွင့်ဖြင့် တင်သွင်းမည့်သူများအနေနှင့် ၂၀၁၄မှ၂၀၁၆ခုနှစ်အထိကို ဘယ်မောင်းမော်တော်ယာဉ်တစ်မျိုးတည်းသာ တင်သွင်းခွင့်ရရှိမည်ဖြစ်ခြင်းကြောင့် ယင်းသို့လေလံအဆွဲများမြင့်တက်လာခြင်းဖြစ်ပြီး ပြည်တွင်းမော်တော်ယာဉ်ဈေးကွက်တွင်လည်း မော်တော်ယာဉ်များအားလုံးဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းထံမှသိရသည်။
ဂျပန်လေလံဈေးကွက်အတွင်း အင်ဂျင်ပါဝါ၁၃၀၀စီစီယာဉ်များတွင် ဟွန်ဒါဖစ် (မော်ဒယ်လ်၂၀၁၀) တစ်စီးလျှင် ဂျပန်ယန်း ၅၀၀,၀၀၀(အမေရိကန်ဒေါ်လာ၄၁၅၀)၊ မာဇဒါဒီမီယို(မော်ဒယ်လ်၂၀၁၁) တစ်စီးလျှင် ဂျပန်ယန်း၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ၃၃၂၀)နှင့် Hijet (မော်ဒယ်လ်၂၀၀၅-၀၆) တစ်စီးလျှင် ဂျပန်ယန်း၄၀၀ယ၀၀၀ (အမေရိကန်ဒေါ်လာ၃၃၂၀)လေလံဈေးရှိကြောင်း လေလံဈေးကွက်အတွင်းမှသိရသည်။
No comments:
Post a Comment