Sunday, December 20, 2015
ကျွန်တော်တို့ ဆီက တပ်မတော်ဟာ ... အင်္ဂလိပ်နဲ့  ဂျပန် ရောနေတယ် ...
ကျွန်တော်တို့ ဆီက တပ်မတော်ဟာ ...
အင်္ဂလိပ်နဲ့ ဂျပန် ရောနေတယ် ...
ရဲဘော်သုံးကျိပ် ရော ...
ကြည်းတပ် စစ်ပညာသင် သုံးဆယ်ရော ...
လေတပ်စစ်ပညာသင် ဆယ်ဦးရော ....
ဂျပန်က သင်လွှတ်လိုက်တယ် ...
မင်းမှာ ကျည်ဆံကုန်ပြီလား ...
လှံစွပ်တပ် ... ထိုး .... ကျားးးးးးးးးး
လေယာဉ်တွေ နည်းနေပြီလား ?
ရှိတဲ့  လေယာဉ်မှာ ဗုံးချိတ်ပြီး ....
ဒီလိုမျိုး တရားဝင် အမိန့် ပေးတဲ့  စစ်တပ် ...
ဒီလို စစ်တပ်မျိုး က သင်လွှတ်လိုက်တာ ...
တစ်ခါ ...
အင်္ဂလိပ်က မြန်မာပြည်ကို ပြန်သိမ်းပြီးချိန် ...
အင်္ဂလိပ်စစ်တပ်ရဲ့ စည်းစနစ်ကျတဲ့  ရုံးလုပ်ငန်းနဲ့  ...
မနက်မိုးလင်းတာနဲ့  ရိပ်သာဆာဂျင်က ...
အငွေ့ တစ်ထောင်းထောင်းထနေတဲ့  ...
လက်ဘက်ရည်ချိုချို နီနီရဲရဲကို ...
စစ်သုံးမတ်ခွက်ကြီးနဲ့  ....
အပြည့်လာချပေးတဲ့  ထောက်ပံ့ ရေးစနစ်ကိုလဲ ...
မြည်းစမ်းရပြန်တယ် ...
သို့ သော် ...
ဒါက သူများလက်အောက်က အခြေအနေ ...
ကိုယ့်  တပ်ရဲ့ စနစ်ကို ...
ကိုယ်ဖာသာ ဆုံးဖြတ်ခွင့်ရတဲ့  ခေတ်ဟာ ...
လွတ်လပ်ရေး ရတဲ့ အချိန်မှာပဲ စတယ် ...
လွတ်လပ်ရေးရတော့ ....
တပ်တွေ နှစ်ခြမ်းကွဲပြီး တောခိုကြတယ် ...
သူပုန်က ကိုယ့်ထက် အင်အားသုံးဆများတယ် ...
ရှိတဲ့  မီးကျိုးမောင်းပျက် လက်နက်အစုတ်တွေနဲ့  ...
ပြည်ထောင်စု မပြိုကွဲရေးကို ဆက်ကာကွယ်ရတယ် ...
သာစည်ကို ထိန်းထားတဲ့  တပ်ခွဲဟာ ...
သောက်စရာရေမရှိတော့လို့  ...
စစ်ရုံးချုပ်ကို လှမ်း ကွန်ပလိန်း မတက်ဘူး ...
ရထားခေါင်းတွဲ ဘွိုင်လာအိုးထဲက ...
သံချေးရည်တွေ ဖောက်သောက်ပြီး ...
သာစည်ကို ခုခံကာကွယ်ကြတယ် ...
လေယာဉ်ပေါ်က ကြဲဖို့ ဗုံးမရှိလို့ ...
လေတပ်က ဆန္ဒမပြဘူး .....
ကြက်တန်းက သံပိုက်လုံးအဟောင်းတွေထဲ ယမ်းထည့် ...
အဲဒီဗုံးတွေနဲ့ လေယာဉ်ပေါ်က ပြစ်ချပြီး ....
စစ်ဆက်တိုက်တယ် ...
ကုန်ကုန်ပြောရရင် ...
ကာကွယ်ရေး ဦးစီးချုပ် (လေ) ကိုယ်တိုင် ...
လေယာဉ်မှာ ရော့ကက်တပ်ပြီး ပစ်လို့ ရအောင် ...
သူကိုယ်တိုင် စမ်းသပ်ရင်း အသက်ပေးသွားခဲ့တယ် ...
မြန်မာ စစ်တပ်ရဲ့ အစဟာ ဒီလိုစခဲ့တာ ...
ရှိတာနဲ့  ရတာနဲ့  ...
အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်ဆိုတဲ့   ...
အယူအဆ နဲ့ စိတ်ဓာတ်ဟာ ...
သမိုင်းပေး အခြေအနေတွေအရ ....
တပ်မတော် သန္ဓေတည်ကတည်းက ....
အတူ စပါလာခဲ့ဟန် ရှိတယ် ...
ကိုယ်တွေမှာက အင်္ဂလိပ် အမေရိကန်တို့ လို ...
ကြီးမားတဲ့  ဓန အင်အားနဲ့  ...
ပြည့်စုံကောင်းမွန်ပြီး အင်မတန် လက်တံရှည်လှတဲ့  ....
ထောက်ပံ့ ရေးစနစ်ကိုမှ တည်ဆောက်မထားနိုင်ခဲ့တာ ....
အဲဒီတော့ တပ်မတော်က ....
အရာရှိ အရာခံ အကြပ် စစ်သည်အားလုံးဟာ ...
ရှိတဲ့  အခြေအနေနဲ့  အကောင်းဆုံးဖြစ်အောင်လုပ်ကြဖို့  ...
ပေးလိုက်တဲ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့  ...
လေ့ကျင့်ပေးခြင်း ခံရတယ် ....
ရဟတ်ယာဉ် နဲ့  ရိက္ခာလိုက်ချ မပေးနိုင်ဘူး ...
ဒါဆို ကိုယ့်ရိက္ခာ ကိုယ်ထမ်းကြ ...
တိုက်မယ့် နေရာကို ကားနဲ့  လိုက်မပို့ နိုင်ဘူး ...
ကိစ္စမရှိဘူး .... တောတိုးမယ် ...
ခြေလျင် ချီတက်မယ် ....
သယ်ရမှာတွေ သိပ်များတယ် ဗိုလ်ကြီး ....
ကျောပိုးအိတ် နဲ့  မရတော့ဘူး ...
ဝါးတွေခုတ် နှီးဖြာ ပလိုင်းတွေ ရက်ကြ ...
ငါတို့  ပလိုင်းတွေနဲ့  သယ်ကြမယ် ....
ဒါဟာ မှန်သလား မှားသလားဆိုတာထက် ...
ကိုယ့် ရှိတဲ့  ဓနအင်အားနဲ့  ဆိုင်မယ် ထင်ပါရဲ့ ....
:) :) :) :) :)
ရှိတဲ့  ဓနအင်အားနဲ့ ...
ရနိုင်တဲ့  ထောက်ပံ့ ပို့ ဆောင်ရေးစနစ်နဲ့  ....
၇ည်မှန်းချက် ပြီးမြောက်အောင်မြင်ဖို့  ....
ရေဗူးပေါက်တာမလို ...
ရေပါတာသာ လိုချင်ကြောင်း ....
ကျွန်တော်တို့  လက်တွေ့ ကျင့်သုံးခဲ့ကြတယ် ...
အောင်မြင်တာတွေလည်း ရှိ ...
မအောင်မြင်တာတွေလည်း ရှိ ...
ကောင်းတာတွေလည်း ရှိ ...
ဆိုးတာတွေလည်း ရှိ ပေါ့ ...
ဘယ်လိုပဲ ဖြစ်ဖြစ် ဒီဆောင်ပုဒ်ဟာ ....
တပ်မတော်မှာတော့ ....
ထင်ရှားတဲ့ ဆောင်ပုဒ်တစ်ခု ဖြစ်ခဲ့တယ် ...
အခု ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  ...
တိုင်းပြည်မှာ ဒီစနစ်ကို မလိုချင်ဘူး ...
ဒီစကားကို လက်မခံဘူးဆိုတော့ ...
ကြီးမားကောင်းမွန်ပြီး ...
လိုအပ်ချက်တွေကို ...
ပြည့်စုံကုံလုံအောင် ဖြည့်ဆည်းပေးနိုင်မယ့် ...
အဆင်သင့်ပြင်ပြီး ဖြစ်ဟန်တူပါရဲ့ ...
ကောင်းပါတယ် ...   :)
ဒါဆိုလဲ အတိုင်းထက် အလွန်ပေါ့ ...
ပြောသလို လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ ....
ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ ...  
:) :) :) :) :) :)
( ရဲမိုး )
No comments: