Sunday, December 20, 2015

ကျောက်စိမ်းသယ်ယာဉ်များကို ဆန္ဒပြသည့် ဒေသခံ ခေါင်းဆောင် ခုနစ်ဦးကို ဖမ်းဆီးထားခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်ဂွန်မော်ဆို ------ -------- -------

ကျောက်စိမ်းသယ်ယာဉ်များကို ဆန္ဒပြသည့် ဒေသခံ ခေါင်းဆောင် ခုနစ်ဦးကို ဖမ်းဆီးထားခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်ဂွန်မော်ဆို
------         --------            -------

ဖားကန့်ဒေသတွင် ကျောက်စိမ်း လုပ်ငန်းသုံးယာဉ်များ မြို့တွင်း ဖြတ်သန်းသွားခြင်း
မပြုရန် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့် ဆန္ဒပြခေါင်းဆောင် ခုနစ်ဦးကို
ကေအိုင်အေ တပ်ရင်း ၆ မှာ ဖမ်းဆီးထားသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ ခေါ်ယူ
ဆွေးနွေးနေခြင်းသာ ဖြစ်ကြောင်း ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့မှ
ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

"ကေအိုင်အေ တပ်ရင်း ၆ က ဆွေးနွေးဖို့ ခေါ်ထားတာပါ။ အရင်ကတည်းက ကြိုတင်
ခေါ်ထားတာ ဖြစ်ပြီး လမ်းမှာကြာနေတာ ဖြစ်ပါတယ်။ ပြသ၁နာဖြစ်ချိန်နဲ့ တိုက်ဆိုင်
သွားတယ်" ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

ဖားကန့်ဒေသတွင် စက်ယန္တရားများ အသုံးပြုပြီး အလွန်အကျွံ ကျောက်စိမ်းတူးဖော်မှု
များကြောင့် ကျောက်စိမ်း လုပ်ငန်းသုံး ယာဉ်များကို မြို့တွင်း လမ်းမများပေါ်တွင်
ဖြတ်သန်း သွားလာခြင်း မပြုရန် ဆန္ဒပြ တောင်းဆိုးခဲ့သည့် ဆန္ဒပြခေါင်းဆောင်
ခုနစ်ဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့က ဝှေခါဒေသတွင် ကေအိုင်အေ တပ်ရင်း ၆
က ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံအချို့က The Ladies ကို ဒီဇင်ဘာလ
၁၇ ရက်နေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ဆွေးနွေးနေတယ်လို့သာ ပြောတာ၊ အခုထိ တစ်ယောက်မှ ပြန်မရောက်လာ
သေးဘူး။ မိသားစုတွေလည်း စိတ်ပူနေတယ်" ဟု ခေါ်ဆောင်သွားခြင်း ခံရသူ
တစ်ဦး၏ မိသားစုနှင့် နီးစပ်သူက The Ladies သို့ ပြောသည်။

ပြီးခဲ့သည့် လမှ စတင်၍ ဖားကန့်ဒေသတွင် တရုတ်နိုင်ငံမှ ယာဉ်စီးရေ ထောင်ချီ
ဝင်ရောက် လာခဲ့ပြီးနောက် အဆမတန် ကျောက်စိမ်း ထုတ်လုပ်မှု များပြားလာခဲ့ပြီး
ယာဉ်ပိတ်ဆို့မှုများ ဆိုရွားစွာ ဖြစ်ပေါ်နေကာ မြေစာစွန့်ပစ်မှုလည်း များပြားလာ
သောကြောင့် ဒေသခံအချို့က ကျောက်စိမ်း လုပ်ငန်းသုံး ယာဉ်များကို မြို့တွင်း
ဖြတ်သန်း သွားလာခြင်းမပြုရန် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

ဦးဇောင်ဘွမ် ၊ ဦးနော်လော် ၊ ဦးဒူးခေါ် ၊ ဦးဇော်တော် ဒေါ်ကရိမ် အပါဝင် စုစုပေါင်း
ခုနစ်ဦးကို ကေအိုင်အေ တပ်ရင်း ၆ က ဝေခါမှော်ဒေသတွင် ခေါ်ဆောင်သွားခဲ့သည်
ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

လတ်တလော ကာလအတွင်းမှာပင် စီးရေထောင်နှင့် ချီသည့် တရုတ်နိုင်ငံလုပ်
ယာဉ်ယန္တာရားများမှာ ဖားကန့်ဒေသသို့ ရောက်ရှိလာခဲ့ပြီး အလွန်အကျွံ
ကျောက်စိမ်း တူဖော်မှုများ ပြုလုပ်နေခြင်းကြောင်း သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု
ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေကာ လမ်းပိတ်ဆို့မှုများလည်း ရှိနေကြောင်း ဒေသခံများက
တညီတညွတ်တည်း The Ladies သို့ ပြောဆိုသည်။

သတင်း - စိုင်းထွန်းအောင်လွင်
The Ladies News Journal

No comments: