နိုင်ငံတော်ကို အုပ်ချုပ်သူတို့သည် မိမိနိုင်ငံ၏
လူဦးရေ၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊
ကျင့်သုံးသည့်သာသနာနှင့် ယဉ်ကျေးမှုထုံတမ်း
စဉ်လာများကို သိရှိထားသူဖြစ်ရပါမည်။
နိုင်ငံတစ်နိုင်ငံတွင် လူမျိုးတစ်မျိုး၊ ဘာသာ
အမျိုးမျိုးကိုးကွယ်သည့်နိုင်ငံများရှိပါသည်။
လူမျိုးတစ်မျိုး၊ ဘာသာတစ်မျိုးတည်းကိုးကွယ်သည့်နိုင်ငံများ ရှိပါသည်။ လူမျိုးစုံနေထိုင်၍
ဘာသာစုံကိုးကွယ်သော နိုင်ငံများလည်း ရှိပါ
သည်။ ထို့ကြောင့်
- လူမျိုးတူ ➳ ဘာသာမတူ
- လူမျိုးတူ ➳ ဘာသာတူ
- လူမျိုးမတူ ➳ ဘာသာမတူဟူ၍ အမျိုးမျိုး
အဖုံဖုံတွဲစပ်လျက်ရှိနေကြပါသည်။ ဤသည်မှာ
ယေဘုယျပိုင်းခြားကြည့်ခြင်း ဖြစ်ပါသည်။
လက်တွေ့နယ်ပယ်တွင် နိုင်ငံ၊ လူမျိုး၊ ဘာသာတို့
သည် ရှေးယခင်ကထက် နေထိုင်မှုပံစံများ ပိုမိုရှုပ်
ထွေးလာပါသည်။ နိုင်ငံ တစ်နိုင်ငံတွင် နိုင်ငံလူဦး
ရေ၏ ၇၅ ရာခိုင်နှုန်းကျော်ကဘာသာ တစ်မျိုး တည်းကို တစ်ညီတစ်ညွတ်တည်း ကိုးကွယ်ကြ
သည်ဆိုလျှင် ထိုနိုင်ငံကို ကိုးကွယ်သည့်ဘာသာ
အမည်တပ်၍ အရပ်အခေါ်ဖြင့် ခေါ်ဝေါ်ကြ ပါ
သည်း။
ဥပမာ ➳ ဗုဒ္ဓဘာသာနိုင်ငံ
➳ ခရစ်ယာန်နိုင်ငံ
➳ မွတ်ဆလင်နိုင်ငံ ဟူ၍ဖြစ်သည်။
မြန်မာနိုင်ငံသည်➳ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံသားတို့သည်➳ သမိုင်းအစဉ်အ
ဆက် ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့သည်။
နတ်ကိုးကွယ်မှုရှိသော်လည်း ပင်မမဟုတ်၊
အကိုင်းအခက်မျှသာဖြစ်သည်။ အခြားတိတ္ထိ
အယူဝါဒ ကိုးကွယ်မှု (ဥပမာ - - - အရည်းကြီး ကိုး
ကွယ်မှု) ရှိခဲ့သောလည်း ထာဝရမဟုတ်၊
တစ်ခဏသာဖြစ်သည်။ ထေရ်ဝါ၏ ဗုဒ္ဓဘာသာ
ကိုးကွယ်မှုသည်သာ ➳ မြန်မာလူမျိုး ၊
မြန်မာ့သမိုင်း၏ ပင်မရေစီးကြောင်းဖြစ်သည်။
ထို့ကြောင့် ခေတ်အဆက်ဆက် မြန်မာနိုင်ငံကို
အုပ်ချုပ်ခဲ့ကြသော ပဒေသရာဇ်မင်းတို့သည်လည်း
ကောင်း၊ အစိုးရအဖွဲ့ ဥသျှောင် ဝန်ကြီးချုပ်၊
သမ္မတတို့သည်လည်းကောင်း ဗုဒ္ဓဘာသာဝင်များ
သာ ဖြစ်ကြလေသည်။ မြန်မာနိုင်ငံ၏ အခြေခံ
ဥပဒေများ (၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈) တွင်နိုင်ငံ
ဥသျှောင်သည် ဗုဒ္ဓ ဘာသာဝင်ဖြစ်ရမည်ဟု ပြဋ္ဌာန်
မထားပါး။ သို့သော် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ
မွေးဖွားလာသူဖြစ်ရမည်ဟုပြဋ္ဌာန်းထားရား မြန်မာ
နိုင်ငံသား မိဘဟူသည် ဗုဒ္ဓဘာသာဝင်များသာ
ဖြစ်ကြသဖြင့် ယင်းမိဘမှ မွေးဖွားလာသော နိုင်ငံ
ဥသျှောင်သည်လည်းမိရိုးဖလာဗုဒ္ဓဘာသာဝင်ပင်
ဖြစ်နေပြီးဖြစ်ပါသည်။ သို့သော် တိုင်းပြည်အုပ်
ချုပ် မင်းလုပ်မည့်သူသည် သဒ္ဓါဗုဒ္ဓဘာသာဝင်
ဖြစ်ရှံမျှဖြင့် မလုံလောက်ပါ။ ပညာဗုဒ္ဓဘာသာဝင်
ဖြစ်ရပေမည်။ ဗုဒ္ဓဘာသာကိုမိဘနှစ်ပါးထံမှ
အမွေးဆက်ခံရုံဖြင့် မလုံလောက်၊ မိမိနှလုံးသာမှ
အမွေအဖြစ် ခံယူထားသူ ဖြစ်ရပါမည်။
တိုင်းပြည်အုပ်ချုပ်သူသည်တိုင်းရေးပြည်ရာများကို
ကောင်းမွန်စွာ စီမံခန့် ခွဲနိုင်သူ ဖြစ်ရသကဲ့သို့
ဘာသာ၊ သာသနာ ရေးရာ၌လည်း မှန်ကန်စွာ
သာသနာပြုတတ်သူဖြစ်ရပါမည်။ မှန်ကန်စွာဟု
ဆိုရခြင်းမှာ နိုင်ငံရေးမျှော်မှန်းချက်မထားဘဲ
ဘာသာ၊ သာသနာအကျိုးကို စိတ်ရင်း အမှန်းဖြင့်
စီမံဆောင်ရွက်ပေးရန် ဖြစ်ပါသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, December 20, 2015
နိုင်ငံတော်ကို အုပ်ချုပ်သူတို့သည် မိမိနိုင်ငံ၏ လူဦးရေ၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျင့်သုံးသည့်သာသနာနှင့် ယဉ်ကျေးမှုထုံတမ်း စဉ်လာများကို သိရှိထားသူဖြစ်ရပါမည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment