ဖုန်းငွေဖြည့်ကဒ်မှ အခွန်ငွေ၅ရာခိုင်နှုန်း လာမည့်ဧပြီလမှစကောက်ရန် ဥပဒေကြမ်းတင်သွင်း
၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်ကဆိုင်းငံ့ထားသော ဖုန်းငွေဖြည့်ကဒ်မှ ကုန်သွယ်လုပ်ငန်းခွန်၅ရာခိုင်နှုန်းကောက်ခံရန်အစီအစဉ်ကို လာမည့်၂၀၁၆ - ၂၀၁၇ဘဏ္ဍာရေးနှစ်စ ဧပြီလမှစတင် ၍ ကောက်ခံနိုင်ရန်ပါရှိသောဥပဒေကြမ်းတစ်ရပ်ကို ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်က ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်) ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းလိုက်သည်။
ယင်းကုန်သွယ်ခွန်မှ ကောက်ခံငွေကျပ် ၈၀ ဘီလီယံခန့် ရရှိနိုင်မည်ဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်ကဆိုသည်။
၂၀၁၆ - ၂၀၁၇အခွန်အကောက်ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရ အဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းရာတွင် ယင်းဥပဒေကြမ်းတွင် ဖုန်းငွေဖြည့်ကဒ်မှ အခွန်ငွေ ၅ရာခိုင်နှုန်းကောက်ခံနိုင်ရန် ထည့်သွင်း ထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ပြီးခဲ့တဲ့ဆိုင်းငံ့တယ်လီဖုန်းပြောဆိုခကြိုတင်ငွေဖြည့်ကတ်အပေါ် ကျသင့်တဲ့ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံဖို့အတွက်က ကျပ် ၈၀ ဘီလီယံခန့်လျာထားချက်ပါဝင်ပါကြောင်း တင်ပြအပ်ပါတယ်”ဟု ၎င်းကဆိုသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနအနေနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီရယူပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်ဆောင်ရွက်နိုင်မည့်အခွန်စနစ် (တန်ဖိုးပြည့်ကောက်ခံတဲ့စနစ်)ကိုလုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကထပ်လောင်းပြောသည်။
အခွန်စည်းကြပ်ကောက်ခံသည့်စနစ်မှ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်မှုခံယူသည့်စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ၂၀၁၆-၂၀၁၇ခုပြည်ထောင်စု၏အခွန်အကောက်ဥပဒေမူကြမ်း ကို ပြည်ထောင်စုလွှတ်တော်ဥပဒေ၊ နည်းဥပေဒများနှင့် ဆက်လက် ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက အသိပေးကြေညာခဲ့သည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, December 16, 2015
ဖုန်းငွေဖြည့်ကဒ်မှ အခွန်ငွေ၅ရာခိုင်နှုန်း လာမည့်ဧပြီလမှစကောက်ရန် ဥပဒေကြမ်းတင်သွင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment