ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးဆောင်ရွက်မှု မိနစ်ပိုင်း အတွင်း ဆောင်ရွက်ပေးရန် ညွှန်ကြားထား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ရန်ကုန် ဒီဇင်ဘာ ၁၅
ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးဆောင်ရွက်ရာတွင် လိုင်စင်ဓာတ်ပုံ နှစ်ပုံတင်ပြလာပါက လိုင်စင်သက်တမ်းတိုးကုန်ကျငွေကျပ် ၃ဝဝဝ ထက် မပိုသော ငွေပေးသွင်းမှုဖြင့် မိနစ်ပိုင်းအတွင်း ဆောင်ရွက်ပေးရန် ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မည်သည့်မြို့နယ်တွင်မဆို ယာဉ်မောင်း လိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ပေးနေမှုများ အဆင်ပြေလွယ်ကူ ချောမွေ့ရန်နှင့် ငွေကုန်သက်သာစွာဖြင့် အချိန်တိုအတွင်း ပြန်လည်ထုတ်ပေး နိုင်ရေးကို ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် ယာဉ်မောင်းလိုင်စင် သက်တမ်း တိုးဆောင်ရွက်မှုများကို အချိန် ၁၅ မိနစ်အတွင်းပြီးစီးအောင် ပြန်လည်ထုတ်ပေး နိုင်ရန်နှင့် လိုင်စင်ဓာတ်ပုံနှစ်ပုံတင်ပြပါက သက်တမ်းတိုးကုန်ကျငွေကျပ် ၃ဝဝဝ ထက်မပိုသော ငွေပေးသွင်းခြင်းများကို အများပြည်သူများ သိရှိစေရန် အသိပေးကြော်ငြာခြင်း၊ သတင်းထုတ်ပြန်ခြင်းများဆောင်ရွက်၍ ကိုယ်တိုင် ပြုလုပ်ခြင်းဖြင့် လွယ်ကူစွာဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အသိပေးရန် ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ဒီဇင်ဘာ ၇ ရက်က လမ်းညွှန် မှာကြားခဲ့သည်။
ယာဉ်မောင်းလိုင်စင်နှင့် မော်တော်ယာဉ်မှတ်ပုံတင် သက်တမ်းတိုး ဆောင်ရွက်ရာတွင် ကိုယ်တိုင်ဆောင်ရွက်ခြင်းဖြင့် လွယ်ကူစွာဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ ပွဲစားများ၊ ကိုယ်စားဆောင်ရွက်ခြင်းများကြောင့် မလိုလားအပ်သော ပြဿနာများမဖြစ်ပေါ်စေရန် အသိပေးကြေညာ ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်နှုန်းထားများထက် ပိုမိုတောင်းယူမှု၊ ပေးအပ်မှု များမရှိစေရန် အသိပေးလျက်ရှိသည်။ ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာရုံးများသို့ လာရောက်ပြုလုပ်နိုင်ခြင်းမရှိ သူများအတွက် ရန်ကုန်ဘူတာကြီးတွင်လည်းကောင်း၊ ဝါးတန်းလမ်းရုံးတွင် လည်းကောင်း သက်တမ်းတိုးဆောင်ရွက်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင်ထုတ်ပေးထားမှုမှာ ၆၈၂၆ဝ၂ ဦးခန့်ရှိပြီး (က)လိုင်စင် ၂၉၈၈၄ ဦး၊ (က-၁)လိုင်စင် ၁၃၈ ဦး၊ (ခ)လိုင်စင် ၃၈၃ဝ၄၇ ဦး၊ (ဂ)လိုင်စင် ကိုးဦး၊ (ဃ)လိုင်စင် ၁၆၁၃၄၅ ဦး၊ (င) လိုင်စင် ၁၁၇ဝ တို့ဖြစ်ကြောင်း သိရသည်။
ဆုနှင်းလဲ့
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, December 16, 2015
ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးဆောင်ရွက်မှု မိနစ်ပိုင်း အတွင်း ဆောင်ရွက်ပေးရန် ညွှန်ကြားထား ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Subscribe to:
Post Comments (Atom)
No comments:
Post a Comment