Monday, December 21, 2015

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ မပျက်စီးသရွှေ့ တိုင်းပြည်မပျက်စီးနိုင်၊ ဗုဒ္ဓသာသနာတည်နေ သရွှေ့ တိုင်းပြည်ရှင်သန် တည်ရှိနေမည်ဖြစ်သည်။

➳ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ မပျက်စီးသရွှေ့
တိုင်းပြည်မပျက်စီးနိုင်၊ ဗုဒ္ဓသာသနာတည်နေ
သရွှေ့ တိုင်းပြည်ရှင်သန် တည်ရှိနေမည်ဖြစ်သည်။
    ➳ အီရတ်နိုင်ငံကို  အမေရိကန်က တိုက်ခိုက်
သောအခါ အီရတ်သမ္မတ ဆက်ဒမ်ဟူစိန် ကျဆုံး
ခြင်းနှင့်အတူ တိုင်းပြည်သည်ဖရိုဖရဲ ပြိုကွဲသွား
ရ၏ ။ မြို့ကြီးများသည် ယနေ့တိုင် မြို့ပျက်ကြီးများ
ဖြစ်နေ၏ ။ လမ်းမကြီးများသည် ဗုံးကျင်းချိုင့်ဝှမ်း
များ ပြည့်နှက်နေ၏ ။ အသေခံဗုံးခွဲတိုက်ခိုက်မှုများ
သည် နေရာတိုင်းမှာ ဖြစ်ပွားနေဆဲဖြစ်၏ ။
အီရတ်ပြည်သူများသည် နေ့တိုင်းသေနေကြရဆဲ
ဖြစ်၏။  တစ်ခေတ် တစ်ခါက မက်ဆိုပိုတေးမီးယား
ယဉ်ကျေးမှုထွန်းကားရာဒေသ အီရတ်မြေသည်
ယနေ့အခါ သူတစ်ပါးဖျက်၍လည်း ပျက်ခဲ့ရ၏ ။
ကိုယ်တရား ပျက်၍လည်း ပျက်ခဲ့ကြရ၏ ။
    ➳ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က တိုက်ခိုက်သိမ်း
ပိုက်၍ မြန်မာဘုရင်ကို တိုင်းတစ်ပါးသို့ ပို့လိုက်သောအခါ ထီးသုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်း သုညဖြစ်
ခဲ့၍  အားပျက်စရာဖြစ်ခဲ့သော်လည်း ဘာသာ သာသနာ မပျက်မသုဉ်းသေး၍ အားတက်စရာဖြစ်
ခဲ့ရသည်။

No comments: