ဒီဇင်ဘာ ၂၁-၂၅ ရွှေဈေးကွက် သုံးသပ်ချက်
~~~~~~~~~~~~~~~~~~~~~~~~~~
နှစ်ပတ်ဆက်တိုက်ကျခဲ့ရာကနေ ရွှေဈေးဟာ သောကြာနေ့စောစောပိုင်းမှာ တက်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်ဒေါ်လာကျဆင်းသွားတာ ကြောင့်လည်းဖြစ်ပြီး Fed က ၁၀နှစ်နီးပါး အတွင်းမှာ ပထမဆုံးအကြိမ်အတိုးနှုန်း တက်မယ်လို့ ကြေငြာခဲ့ပြီးတဲ့နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ ဈေးကွက်ကို ချိန်လို့ ရသွားခဲ့ပါတယ်။
နယူးယောက်အိတ်ချိန်းမှာတော့ ဖေဖော်ဝါရီအတွက်ဈေးဟာ သောကြာနေ့မှာ ၁၅.၄၀ ဒေါ်လာ၊ ၁.၄၇ ရာခိုင်နှုန်း ကျသွားခဲ့ပြီး တစ်အောင်စကို ၁၀၆၅.၀၀ ဒေါ်လာနဲ့ ပိတ်သွားခဲ့ပါတယ်။ ကြာသာပတေးနေ့မှာ ရွှေဈေးဟာ ၁၀၄၆.၈၀ ဒေါ်လာအထိ ကျသွားခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နေ့နောက်ပိုင်း အနိမ့်ဆုံးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပိတ်တဲ့အချိန်မှာတော့ ၁၀၄၉.၆၀ ဒေါ်လာနဲ့ ပိတ်သွားခဲ့ပြီး ၂၇.၂၀ ဒေါ်လာ၊ ၂.၅၃ ရာခိုင်နှုန်း ကျသွားတာလည်း ဖြစ်ပါတယ်။
ဒေါ်လာအညွှန်းကိန်းကတော့ သောကြာနေ့မှာ ၀.၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၉၈.၇၃ ရှိခဲ့ပါတယ်။ ကြာသာပတေးနေ့က ၉၉.၃၃ ရှိခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နေ့နောက်ပိုင်း အမြင့်ဆုံးပါပဲ။
Fed ကတော့ အတိုးနှုန်းကို ၀.၂၅ ရာခိုင်နှုန်းကနေ ၀.၅၀ ရာခိုင်နှုန်းအထိတက်ဖို့ ဗုဒ္ဓဟူးနေ့မှာ တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ပါတယ်။ နောက်နှစ် ဇွန်လနဲ့ ဒီဇင်ဘာလမှာ အတိုးနှုန်းဟာ ထပ်တက်ဖို့ရှိနေပြီး ၂၀၁၆ ခုနှစ်အဆုံးပိုင်းမှာ ၁.၃၇၅ ရာခိုင်နှုန်းလောက်အထိ အတိုးနှုန်းက ရောက်သွားနိုင်ပါတယ်။
တစ်ပတ်စာအရပြောရရင် ရွှေဈေးဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ၁၀.၇၀ ဒေါ်လာ ၀.၉၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ် ၉ ပတ်မှာ ၈ ပတ်ဆက်တိုက်ကျခဲ့တာလည်း ဖြစ်ပါတယ်။
လာမယ့်တစ်ပတ်မှာ ရွှေဈေးကို ရိုက်ခတ်နိုင်မယ့် အကြောင်းအရာအချို့ကို ဖော်ပြလိုက်ပါတယ်။
ဒီဇင်ဘာ ၂၂၊ အင်္ဂါ
~~~~~~~~~~~
အမေရိကန်ဟာ သူတို့ရဲ့ တတိယ ၃ လပတ်စီးပွားရေးတိုးတက်မှု နောက်ဆုံးအစီရင်ခံစာကို ထုတ်ပြန်မှာဖြစ်ပြီး လက်ရှိ အိမ်ယာရောင်းချမှု အချက်အလက်တွေကိုလည်း ထုတ်ပြန်ပါလိမ့်မယ်။
ဒီဇင်ဘာ ၂၃၊ ဗုဒ္ဓဟူး
~~~~~~~~~~~
အမေရိကန် တာရှည်ခံကုန်ပစ္စည်း အမှာစာ၊ တစ်ဦးချင်းသုံးစွဲမှု၊ အိမ်ယာသစ်ရောင်းချမှု၊ စားသုံးသူသဘောထားနဲ့ ရေနံစိမ်း သိုလှောင်ထားမှုပမာဏတွေ အပါအ၀င် အချက်အလက်တော်တော်များမျာကို ထုတ်ပြန်ပါလိမ့်မယ်။
ဒီဇင်ဘာ ၂၄၊ ကြာသပတေး
~~~~~~~~~~~~~~~~
ဂျာမနီက ဈေးကွက်တွေဟာ ခရစ္စမတ်အကြိုအဖြစ် ပိတ်မှာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၅၊ သောကြာ
~~~~~~~~~~~~~~
ကမ္ဘာတစ်ဝှမ်းကဈေးကွက်တော်တော်များများဟာ ခရစ္စမတ်ပွဲတော်အတွက်ပိတ်ကြမှာ ဖြစ်ပါတယ်။
No comments:
Post a Comment