ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ တရုတ်သချိုင်္င်းအတွင်း ၌ မူးယစ်ဆေးဝါးသုံးစွဲသူများ နှင့် ရောင်းဝယ်သူ များကို ကျောက်မဲရဲတပ်ဖွဲ့နှင့် ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးတို့က ယနေ့နံနက်က ၀င်ရောက် ဖမ်းဆီးရာ အုတ်ဂူလှိုဏ်အတွင်း၌ ဘိန်းဖြူအရောင်းအ၀ယ်ပြုလုပ်နေသူ ၃ဦးကို ဖမ်းဆီးမိသည်
တင်မောင်သိန်း/ ကျောက်မဲ
ပြည်သူအသံများ
ကျောက်မဲမြို့မှာ၈တန်းအရွယ်လောက်ကစပြီး မူးယစ်ဆေးဝါးသုံးစွဲနေသူ ရောင်းသူတွေအများကြီးပါ။အဖမ်းအဆီးရှိရင်လည်းရဲက သတင်းကြိုပေးလို့ဘယ်တော့မှမမိပါဘူး။တကယ် အကြီးကြီးတွေကိုမဖမ်းဘဲဟန်ပြသက်သက်လုပ်နေတာကိုလည်းနားမလည်းတော့ဘူး။နောက်ဆုံး လူငယ်လူကြီး ကျား။မ တော်တော်များများပျက်စီးနေကြသလိုမိဘတွေလည်းဘာမှမတတ်နိုင်ကြပါဘူး။ကျောက်မဲဈေး အိမ်သာထဲဝင်ဖမ်းရင်တောင်မများကြီးမိနိုင်တာ ကလေးတောင်သိတယ်
မင်းတို့.၃.ယောက်က
ထောင်ချောက်မှာဝင်မိတာ
နဲနဲလေးဝယ်ပီးလက်လီရောင်းတာ
မင်းတို့ဝယ်တဲ့လူကိုဖော်လိုက်
ကျော်မကောင်းကြားမကောင်း
ဖြစ်သွားမှာမလွဲပါပဲ...
(မှတ်ချက်)တကယ်အရေးယူရဲရင်ပေါ့
အကြံကောင်းတစ်ခုတော့ပေးလိုက်မယ်နော် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားရင် ကွန်တိန်နာနဲ့များများသယ်ရောင်း မိရင်ဘယ်တော့မှပိုင်ရှင်မဖမ်းမိဘူး မဖြစ်စလောက်ဆိုရင်ကွီခနဲမိတယ်ဗျ
နည်းနည်းလေးဆို မိအောင်ဖမ်းတယ်။ ကွန်တိမ်နာနဲ့ဖမ်းမိတော့ ပိုင်ရှင်မဲ့ဖြစ်သွားတယ်။
သုံးစွဲသူဆိုသုံးစွဲအတိုင်း
ရောင်းဝယ်ဖောက်ကား
တဲ့သူဆိုရောင်းဝယ်တဲ့
ဥပဒေအတိုင်းစနစ်တကျ
အရေးယူစေချင်ပါတယ်
တကယ်ကရောင်းဝယ်မှု
ကြီးကြီးမားမားလုပ်တာက
ဗမာတွေမပာုတ်ပါဘူး
တရုတ်တွေများပါတယ်
ဗမာတွေကလက်တဲ့စမ်း
ရင်းနဲ့ စွဲသွားပီဆိုကာမှ
ကိုယ့်စားဝတ်နေရေးရ
အောင်လက်လီမတောက်
တခေါက်ရောင်းရဲတဲ့အ
ဆင့်ပါ ဒါကိုမှုးယစ်ဝန်
ထမ်းတွေအသိပါသူတို့ 
ကိုယ်၌ကလက်ကြီးသမား
တွေဆီကငွေယူပီးလက်ထဲ
နည်းနည်းပါးပါးမိတဲ့သူ
တွေကိုထောင်ဒဏ်နှစ်ရှည်
လျှောက်ချပီးအပစ်လုပ်
တတ်ပါတယ်
ဒါကိုအများသိစေချင်ပါ
တယ်
မူးရစ်ရဲ့သားကောင်များကို တခါမိ တခါဖမ်း ထောင်၁၀ နှစ် အထိ မချသင့်ပါ ၊ မူးရစ်ဆေး ဖြတ်ပေးရန် နိုင်ငံတော်မှာ တာဝန်ရှိသည်ဟု ယူဆပါသည် ။ ၁ ခါနှင့် ထောင် ကျ ပြန်လွတ်လာတော့ ထောင်ထွက်ဆိုပြီး ပတ်ဝန်းကျင် နှင့် သဟဇာတ မဖြစ်တော့သလို ၊ စိတ်ကျရောဂါဝင် ဘ၀ကို အရွဲ့တိုက်ခါ ၊ မူးရစ်ဆေး ပြန်သုံး .....မူးရစ်ဆေးသုံးဖို့ ငွေကို မူးရစ်ဆေး ရောင်းပြီးရှာ .....ဒီသံသရာက မလွတ်တော့ပါဘူး။ ပထမအကြိမ် မူးရစ်သုံးစွဲသူတွေကို မိရင် ဆေးဖြတ်တဲ့နေရာတွေမှာ ၁ နှစ်တန်သည် ၊ လောက်ထားပြီး လက်မှု ပညာလို ဟာမျိုးလေးတွေ သင်ကြားပေးသင့်ပါတယ်။ ဆေးပြတ်သွားပြီလို့ ယုံကြည် ရရင် ပညာပေး ဆွေးနွေးပြီး ပြန်လွှတ် ၊ တကြိမ် မရ ၊ ၂ ကြိမ် ဆိုရင်တော့ ထောင်ချ ချင်လဲ ချပေါ့လေ.....မူးရစ်သယ်ဆောင် ရောင်းဝယ်သူတွေကိုတော့ တကြိမ်တွေ တခါတွေ လုပ်မနေပဲ ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးသင့်ပါတယ်လို့..........
ကျောက်မဲ မှာ ဒီလောက်တော့  တစ်ကယ့် သေးသေးလေး ဒီလောက်နဲ့  တော့  အဖမ်းမပြနဲ့  ရဲမပြောနဲ့  ငါတောင်သိတယ် ဦးတင်မောင်သိန်းတော့ လေးစားပါတယ် ဆရာ ဆရာလည်းသိမှာပါ အကြီးကြီးတွေ ဘာလို့ မဖမ်းလည်းဆိုတာ ကျောက်မဲ ကလူငယ်တွေ ကုန်တော့ မယ်
ကမ္ဘာမှာ ဒုတိယအများဆုံး ဆိုတဲ့ ကွန်တိန်နာကား ကျတော့ ပိုင်ရှင်မဲ့ တဲ့ ပုလင်းသေးသေးလေးနှစ်ပုလင်း လုပ်တဲ့ သူတော့ မိအောင်ဖမ်းနိင်တယ် EU ကဆုပေးဦးမယ်ထင်တယ်
ဟဟဟဟဟဟ...တော်တော်များတာပဲနော်။ကိုယ့်လူကြီးတွေ ပင်ပန်းသွားဦးမယ်။ခမျာတွေမှာ ဆင်းရဲလို့ကြံမိကြံရာ ကြံမိတာဖြစ်ပါလိမ့်မယ်ကွာ။မင်းတို့ပထွေးတွေ အချီကြီးကိုင်နေတာတောာ့ မသိချင်ယောင်ဆောင်နေတယ်။ စောက်သုံးနည်းနည်းမှမကျ တဲ့ ရဲတွေ ။
သနားပါတယ်ပာာ အခီူးကြီးလုပ်ပါပာာ
ကမ္ဘာကြီးတစ်ခုလုံးမှာ ဘိန်းအထွက်အများဆုံး နံပါက် ( 2. ) နှစ် နေရာမှာရောက်နေတဲနိင်ငံပါ ကွန်တိန်နားကားနဲစံချိန်တင်ဖမ်းမိတော့ပိုင်ရှင်မဲတဲ ခွီး မြန်မာနိင်ငံကလုပ်လိုက်ရင်စောက်သလွဲ မရှိလိုလေးငါထောင်
ဖိုးလောက်ရောင်းတောရအောင်ဖမ်း
လေးစာပါတယ် ရဲကိုကိုတိုးရယ်
သူတို့သုံးယောက်ကိုကြည့်တာစိတ်ထဲမှာတမျိုး
ကြီးဖြစ်မိတယ် မူးယစ်ဆေးရောင်းတယ်သူကအဲ
လောက်တောမွဲရသလားလို တွေးမိတယ် ငါမြင်ဖူးတဲ့
မူးယစ်ဆေးရောင်းတယ်သူတွေတော့တော်တော်
ပိုက်ဆံထောတာနော
လားရှိုးမှာ လူငယ်တော်တော်များများ စွဲကုန်ပီ ဆေးဖြတ်စခန်းကလည်းမရှိတော့ မိဘတွေတော်တော် စိတ်ဆင်းရဲကြရရှာတယ် အသိတစ်ယောက်အဒေါ်ကြီးးး ဝက်ထီးကန်ပို့တယ် ပြန်လာတယ် သုံးလေးရက်နေတော့ပြန်သုံးတယ် အစိုးရအနေနဲ့နယ်စပ်ဒေသ တွေမှာ ဆေးဖြတ်စခန်းတွေဖွင်ပီး လူငယ်တွေကိုကယ်တင်ပေးပါ သူတို့သုံးတဲ့ဆေးဆိုတာ လွယ်လွယ်ဝယ်လို့ရနေတော့ လူငယ်တွေကိုမိဘတွေကကောင်းစေချင်လို့ အဝေးပို့ ပြန်လာတော့ပြန်သုံးးး နယ်မြို့တွေကကျဉ်းကျဉ်းလေးပါ ဘယ်အိမ်ဘာရောင်းတယ်ဆိုတာ ပြည်သူတွေကိုမေးကြည့်ပါ မသိဘူးးဆို တိုင်လည်းမဖမ်းဘူးးး အဲ့ဒါမဖြစ်သင့်ပါဘူးးး နယ်တွေတွက် မူးယစ်ဆေးဝါးက မိသားစုဘဝတွေကိုဖျက်ဆီးနေတဲ့အဆိုးဆုံးရန်သုပဲ
ကုန်တင်နာ နဲ့မှ မသယ်တာကိုးကွ
မိမှာပေါ့ မှတ်ထား နောက်ဆိုရင်
ကုန်တင်နာနဲ့တင်ပြီးရောင်း ဘယ်တော့မှမမိဘူး
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပြုပြင်ပြောင်းလဲမှုတွေတော်တော်လုပ်ရမယ် ခုလိုပုံစံကတော့ရွံစရာဖြစ်နေတယ် ကြည့်ရတာအဲဒီကရဲတွေအမှုလိုနေလို့ ဆွဲစိလိုက်ပုံရတယ် တကယ်ဖမ်းရမှာကအချီကြီးလုပ်နေတဲ့ကောင်တွေကိုဖမ်းရမှာ ခုဖမ်းမိတဲ့သူတွေကိုလည်းပြစ်ဒဏ်ကြီးကြီးမားမားမပေးသင့်ဘူး
သူ့တို့ကြည့်ရတာစားဝတ်နေရေးတော်တော်ကြပ်တည်းပုံရတယ်
ပြည်သူတွေစားဝတ်နေရေးကြပ်တည်းတာဟာအစိုးရပရောဂလည်းမကင်းဘူး အဲတော့သူတို့ကိုဆေးပြတ်အောင်ဖြတ်ပေးပြီး လက်မှုပညာတစ်ခုခုသင်ပေးလိုက်သင့်တယ် ဒီလူတွေကိုဒီတကြိမ်မှာတော့ပြစ်ဒဏ်ကြီးကြီးမားမားမပေးသင်သေးဘူးလို့ထင်တယ်
No comments:
Post a Comment