Sunday, December 20, 2015

ရန်ကုန်ဆေးရုံကြီးမှာ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်သည့်လူနာများအား နာရီပိုင်းအတွင်း ပျောက်ကင်းစေသည့်ထိုးဆေးဖြင့်ကုသနိုင်ပြီဟု သတင်းကောင်းကြားသိရပါသည်

ရန်ကုန်ဆေးရုံကြီးမှာ
ဦးနှောက်သွေးကြောပိတ်၍
လေဖြတ်သည့်လူနာများအား နာရီပိုင်းအတွင်း
ပျောက်ကင်းစေသည့်ထိုးဆေးဖြင့်ကုသနိုင်ပြီဟု သတင်းကောင်းကြားသိရပါသည်။

ဖြစ်ဖြစ်ခြင်း ၃ နာရီမှ ၁၂ နာရီအတွင်း
အရောက်လာနိုင်မှ အဆင်ပြေမှာဖြစ်ကြောင်း သိရပါသည်။

အထူးသဖြင့် 
ရုံးဖွင့်ချိန်ဖြစ်မှသာ အဆင်ပြေမှာဖြစ်ကြောင်းလည်း သိရပါသည်။

ဆရာဝန်
မလုံလောက်၍ ရုံးချိန်ပြင်ပမှာ ဆောင်ရွက်မပေးနိုင်သေးကြောင်း
တွက်ဆမိပါသည်။

သို့ အတွက် ရုံးချိန်ပြင်ပမှာ
လေဖြတ်သောလူနာများအတွက် စိတ်မကောင်း ဖြစ်မိသလို …   …
…       …
ရုံးချိန်ပြင်ပပါမကျန် ၂၄ နာရီ ဆောင်ရွက်ပေး
နိုင်ပါရန် … ကျွမ်းကျင်ဆရာဝန် များများရှိ အောင် သင်တန်းများများပေးနိုင်စေချင်သော
ဆန္ဒကိုလည်း တင်ပြပါရစေ။

အထူးသဖြင့်
အခြားမြို့ ကြီးများမှာလည်း
ထိုသို့ ကုသပေးနိုင်စေချင်လှပါကြောင်း
တင်ပြချင်ပါသည်။

ဘကြီးအောင်B
19-12-2015

No comments: