Wednesday, December 9, 2015

** ဆန့်ကျင်ပြ သမ္ဗန္ဓ**

** ဆန့်ကျင်ပြ သမ္ဗန္ဓ**

! သူတို့မျက်နှာပြင်ကိုကြည့်လိုက် ချောမောလှပမှုမရှိဘူး
ဒါပေမယ့် .......
မုတ်ဆိတ်မွှေးနှုတ်ခမ်းမွှေးတွေကြား မဲညစ်ညစ်မျက်နှာပြင်တွေကြားမှာ ဘယ်သူမှယှဉ်မရတဲ့ ရဲရင့်ခြင်းတွေရှိတယ်

! သူတို့အဝတ်အစားတွေကိုလေ့လာလိုက်
သစ်လွင်တောက်ပမှုမရှိဘူး
ဒါပေမယ့် .........
အရောင်နွမ်းနွမ်းဝတ်စုံတွေကြား
ချွေးတွေသံတွေကြားမှာ
ဘာနဲ့မှနှိုင်းမရတဲ့ ခန့်ညားခြင်းတွေရှိတယ်

! သူတို့ဖိနပ်တွေကိုသုံးသပ်လိုက်
အရောင်အဆင်းမရှိဘူး
ဒါပေမယ့်........
ပေါက်ပြဲနေတဲ့ ဖိနပ်တွေကြား
ဖွာလန်နေတဲ့အောက်ခံတွေကြားမှာ
ဘယ်သူမှမတုပနိုင်တဲ့ ဇွဲလုံ့လတွေရှိတယ်

! သူတို့ကိုယ်ခန္ဓာကို ခွဲဖြာလိုက်
ဆွဲမက်စရာမရှိဘူး
ဒါပေမယ့်......
ထမ်းလာတဲ့ဝန်ထုတ်တွေရဲ့ကြား
လွယ်လာတဲ့ သေနတ်တွေရဲ့ကြားမှာ
ဘာနဲ့မှခိုင်းနှိုင်းလို့မရတဲ့ မွန်မြတ်ခြင်းတွေရှိတယ်

No comments: