ထွန်းထွန်းမင်းက ဆိုင်းရပ်စ်ကို ၁၁စက္ကန့်ဖြင့်အလဲထိုး
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
နာမည်ကျော်နှစ်ဦး လက်ဝှေ့ပွဲပြီးသည်မှာ မြန်လွန်း၍ ပရိသတ်အချို့ မကျေမနပ်ဖြစ်
−−−−−−−−−−−−−−−−
မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် အမေရိကန် လက်ဝှေ့သမားဆိုင်းရပ်စ်တို့၏ မကျေပွဲစိန်ခေါ်ပွဲစဉ်တွင် ထွန်းထွန်းမင်းက ဆိုင်းရပ်စ်ကို ၁၁ စက္ကန့်ဖြင့် အလဲထိုးအနိုင်ရရှိခဲ့သည်။
ပထမအချီစသည်နှင့် ထွန်းထွန်းမင်းက တိုက်စစ်ဖွင့်ထိုးသတ်ရာ ၁၁ စက္ကန့်မှာပင် ထွန်းထွန်းမင်း၏ ညာဝိုက်လက်သီးချက်ကြောင့် ဆိုင်းရပ်စ်လဲကျသွားစဉ် ဘယ်ပင့်လက်သီးဖြင့် ဆက်တိုက်ထိုးသတ်ခဲ့ရာ ဆိုင်းရပ်စ်လဲကျသွားသည်။
ထွန်းထွန်းမင်း၏ လက်သီးချက်ကြောင့် ဆိုင်းရပ်စ်၏ ဘယ်ဘက်မျက်လုံး ဒဏ်ရာရခဲ့ပြီး ဘယ်မျက်လုံး မမြင်ရတော့သောကြောင့် ဆိုင်းရပ်စ်ကဆက်မထိုးတော့ဘဲ အရှုံးပေးသွားခြင်းဖြစ်သည်။ ပွဲပြီးသည်မှာ မြန်လွန်းသောကြောင့် ပရိသတ်အချို့က ဆိုင်းရပ်စ်ဟန်ဆောင်သည်ဟု ယူဆပြီး ဒေါသထွက်၍ ရေဘူးဖြင့် ပစ်ပေါက်မှုများပင်ရှိခဲ့သည်။
ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံတွင် ယှဉ်ပြိုင်သော ထွန်းထွန်းမင်းနှင့် ဆိုင်းရပ်စ်တို့ပွဲသည် ၎င်းတို့နှစ်ဦးအတွက် တတိယမြောက် စိန်ခေါ်ပွဲဖြစ်ပြီး ထွန်းထွန်းမင်းက နှစ်ပွဲနိုင် တစ်ပွဲရှုံးထားသည်။
Credit to: 7days news
No comments:
Post a Comment