** ဥရုမျက်ရည် ***
ဖားကန့်ဆိုသည်မှာ ဥရုချောင်းကို အမှီပြု၍ လွန်ခဲ့သောနှစ်ပေါင်း ၁၈၀ကျော်က သျှမ်းနီရွာလေးပါ ဖာကန့်ဟူသော စကားသည် သျှမ်းဘာသာ စကားဖြစ်ပြီး (HAP) = “ကျောက်ဖျာပြိုကျ” (Kan) ခြင်းဟု အဓိပ္ပါယ် ရသဖြင့် “ဖာကန့်” သည် ကျောက်ဖျာပြိုကျသော နေရာဟုဆိုနိုင်သည်။ ဖာကန့်၏ ပထမ ဦးဆုံးမှာ အောဝ်င်မန်ကလာ ( အောင်မင်္ဂလာ ) ရွာဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၉၄ ခုနှစ် ခရစ်နှစ် ၁၈၃၂ ခုနှစ်တွင် ဦးစ၀်ပူလွယ်ဟိန်း နှင့် (၆) ဦး အဖွဲ့သည် မျောက်ဖြူ ချောင်း ပေါက်ဝထက်၌ အောင်မင်္ဂလာကျေးရွာ ကိုတည်ထောင်ခဲ့ကြသည်။ ချောင်းပေါက်ဝ အနီးတွင် ကျောက်ဖျာတောင်ကြီး တတောင်လည်း ရှိနေသည်ဖြစ်သည်။ အဆိုပါကျောက်တောင်ကြီးသည် ရွာတည်ပြီး နှစ်များမကြမီ ကျောက်ဖျာတောင် ပြိုကျသည်ကို အကြောင်းပြု၍ " ဖာကန့်"ဟု ခေါ်တွင်လာခြင်း ဖြစ်သည်။ ဥရုချောင်းရိုးတလျှောက်တွင် ကားမိုင်း၊ လုံးခင်း၊ ဖားကန့်၊ ဆိမ့်မူ၊ တာမခံ၊ ဟောင်ပါး၊ ဆယ်ဇင်း၊ နောင်ပူအောင် ၊ ဟုမ္မလင်းမြို့ တွင် နမ့်တာလုံးခေါ် ချင်းတွင်းမြစ်သို့စီးဝင်လေသည်။ ဥရုချောင်းရိုး ကွေးကွေးကောက်ကောက် တလျှောက်ရွာများကတော့ ဒေသခံ သျှမ်းနီများတည်ထောင်ခဲ့ပြီး သျှမ်းဘာသာစကားဖြင့် မဲ့ခေါ်ခဲ့ရွာများဖြစ်ပြီး ယနေ့တိုင် သျှမ်းနီများနေလိုင်လျှက်ရှိသည်။ ဒေသခံ တို့ရဲ့ ဥရုချောင်းသည်လည်း ခန်းလုလု ဖြစ်ခဲ့ရသလို ဌာနေတိုင်းရင်းသားတို့ ဘ၀မှာ ရေမဆေးနဲ့ မျှောမြီးဆေးဘ၀နဲ့ " သံတိုင်တို လူလည်းအို ပေါက်ပြားလည်းကွဲ ဘိမ်းလည်းစွဲ..". ကဗျာလေးပင် ဖြစ်သည်။
ယနေ့ဖာကန့်ခေါ် တောင်ပြိုမြို့လေးသည် တောင်ပြိုဒီထက် ဆိုးဝါးစွာ တောင်အလုံးပေါင်း ၆၀ ကျော် ပျောက်ကွယ်ခဲ့လေသည်။
ကမ္ဘာပေါ်မှာ ကျောက်စိမ်းပေါပေါများများ ထွက်ရှိပြီး အရေသွေးအကောင်းဆုံး ကျောက်စိမ်းများလည်းဖြစ်သည်။ ဖားကန့်နယ်တ၀ိုက် ကျောက်စိမ်းတူးဖော် ရောင်းချငွေဟာ တစ်နှစ်ကို ဒေါ်လာ ဘီလျှံ ၃၀ ကျော်ရှိကြောင်းသိရသည်။ သို့ပေမဲ့ ဒေသခံ တိုင်းရင်းသားများအတွက်တော့ ဆေးရုံ၊ စာသင်ကျောင်း များမပြောနဲ့ လမ်းတံတားများဟာလည်း ဒုတိယကမ္ဘာစစ်ထဲက အတိုင်းရှိနေဆဲပင်ဖြစ်သည်။
ဖားကန့် နယ်တ၀ိုက် နိုင်ငံတော်တရားဝင်စာရင်းအရ အကျိုးတူ ကုမ္ပဏီပေါင်း ၂၀၄ ခု၊ လုပ်ကွက်ပေါင်း ၂၇၇ ကွက်၊ ပုဂ္ဂလိက ကုမ္ပဏီပေါင်း - ၃၂၈ ခု၊ လုပ်ကွက်ပေါင်း- ၃၀၄၇ ခု၊ စုစုပေါင်းကုမ္ပဏီ- ၅၃၂ ခု၊ လုပ်ကွက်ပေါင်း ၃၃၂၄ ကွက် ရှိကြောင်းသိရသည်။
၂၀၁၅ ဒီဇင်ဘာလဆန်းပိုင်း ကြားသိရတဲ့စာရင်းအရ စက်ယန္တရားမှာ
ဘက်ဟိုး - ၁၂၇၈ စီး၊ ဒိုဇာယာဉ် - ၄၄ စီး၊ မြေသယ်ယာဉ် -၂၅၅၅ စီး၊
လုပ်သား အင်အားမှာ ၁၁,၀၆၆၂ ဦးခန့် ရှိနေပြီး မြင်းကောင်ရေ
သုံးထောင်နှင့်အထက် ယာဉ် ယန္တရား နှစ်သောင်းနီးပါး ရှိမှာလည်းဖြစ်ပါသည်။
မြန်မာ့ ဒီမိုကရေစီအကူးအပြောင်းရဲ့ ၆ နှစ်မကြာခင်လေးအတွင်း ဖားကန့်ရှိ တောင် အလုံး ၆၀ ပျောက်ဆုံးခဲ့လေပြီး ဥရုချောင်းသည်လည်း ငုတ်လိုက်ပေါ်လိုက် ငုတ်ပေါ်ချောင်း ဘ၀ဖြင့်ရှိနေခဲ့လေသည်။ သျှမ်းနီတို့ဌာနေ ဥရုသက်သေ ရှိတယ်လို့ပြဖို့ ဥရုဟာလည်း မျက်ရည်စများဖြင့်သာရှိနေလေသည်။
No comments:
Post a Comment