Monday, December 21, 2015

လှိုင်သာယာ စက်မှုဇုန် လုပ်သားများ အတွက် တန်ဖိုးနည်းဟင်းများကို ပထမဦးဆုံး ရောင်းချမည် ----------------------

လှိုင်သာယာ စက်မှုဇုန် လုပ်သားများ အတွက် တန်ဖိုးနည်းဟင်းများကို
ပထမဦးဆုံး ရောင်းချမည်
----------------------------------------------------------------------

ရန်ကုန်၊ ဒီဇင်ဘာ ၂၀
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်ရှိ စက်ရုံများမှ အလုပ်သမားများ ဈေးနှုန်း သက်သာစွာဖြင့် အာဟာရပြည့်ဝစွာ စား သောက်နိုင်ရေးအတွက် ဘဝ အာဟာရ အမည်ဖြင့် တန်ဖိုးနည်း ဟင်းလျာများကို ဒီဇင်ဘာ ၂၁ ရက်တွင် စတင် ရောင်းချမည်ဟု ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချို က  ပြောကြားသည်။

“ဟင်းတွေကို ထော်လာဂျီတစ်စီးငှား အဲ့ဒီအပေါ်တင်ပြီး စက်မှုဇုန်အတွင်း လှည့်ရောင်း မယ်၊ နောက်ပိုင်း လက်တွန်းလှည်းတွေ လုပ်ပြီးတော့ စက်မှု ဇုန်အလိုက် ခွဲပြီး ရောင်းချမှာပါ၊ စက်ရုံအလုပ်သမားလေးတွေ သူတို့ရတဲ့ လစာနဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားနိုင်အောင် လုပ်တာပါ။  ဟင်းတစ်မျိုးကို လူ ၅၀ဝစာလောက်စီ လုပ်ထားပါတယ်” ဟု ၎င်းကပြော ကြားသည်။

စတင်ရောင်းချမည့် ဒီဇင်ဘာ ၂၁ ရက်တွင် ဟင်းအမယ်အများအဖြစ် သီးစုံ ပဲကုလားဟင်း၊ ငါးနီတူခြောက်ကြော်၊ ပြည်ကြီးငါးဟင်းများကိုတစ်ပွဲလျင် ၁၀၀  ကျပ်စီ၊ ပလာတူးငါးကြော် တစ်ကောင်လျှင် ၁၅၀ ကျပ်စီ ဖြင့် စတင် ရောင်းချသွားမည်ဖြစ်ပြီး ဟင်းအမယ်များကို ထပ်မံတိုးမြှင့် သွားမည် ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် စက်ရုံများရှိ အလုပ်သမားများကို လပေးစနစ်ဖြင့် မှာယူနိုင် စီစဉ်သွားမည် ဖြစ်ကြောင်း ဦးဝင်းချို က  ပြောကြားသည် ။

အဆိုပါ အစီအစဉ်ကို ပူးပေါင်းဆောင်ရွက် လိုသည့် အဖွဲ့အစည်းများနှင့် အခြားစက်မှုဇုန်များတွင် တန်ဖိုး နည်း ဟင်းများရောင်းချလိုပါက ဦးဝင်းချို ၏ဖုန်း ၀၉၇၃၂၀၆၈၃၈၊ ၀၉၂၆၂၆၀၅၂၀၀၊ ကိုဝေဠု၏ဖုန်းနံပါတ် ၀၉၄၅၀၀၃၇၆၈၃ တို့ဆက်သွယ် နိုင်ကြောင်း  ဟင်းရောင်းချမည့်သူများထံမှ သိရှိရသည်။

No comments: