Monday, November 9, 2015

ကချင်ပြည်နယ်လွတ်တော် ဖားကန့်မဲဆန္ဒနယ် အမှတ် (၂) တွင် NLD မှ ဦးဒါရှီလဆိုင်းက နယ်လုံဝန်ကြီး ဦးသန်းအောင်အား မဲအပြတ်အသတ် အသာစီးရထား

#Election_Result_News_Updated 8:14 am ကချင်ပြည်နယ်လွတ်တော် ဖားကန့်မဲဆန္ဒနယ် အမှတ် (၂) တွင် NLD မှ ဦးဒါရှီလဆိုင်းက နယ်လုံဝန်ကြီး ဦးသန်းအောင်အား မဲအပြတ်အသတ် အသာစီးရထား ကချင်ပြည်နယ် လွတ်တော်သို့ ဖားကန့််မဲဆန္ဒနယ် အမှတ် (၂)မှ ၀င်ရောက်ယှဉ်ပြိုင်သည့် ကချင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး (ငြိမ်း) ဦးသန်းအောင်အား နိုဝင်ဘာ (၉) ရက်နေ့ နံနက် ၈ နာရီအချိန်ထိ ဖားကန့််မြို့နယ် ကော်မရှင်ရုံးသို့ ရောက်ရှိလာသော မဲအခြေအနေများအရ NLD ပါတီမှ ဦးဒါရှီလဆိုင်းက အပြတ်အသတ် အသာစီး ရထားကြောင်း သိရသည်။ ဖားကန့် မဲဆန္ဒနယ် အမှတ် (၂) တွင် မဲရုံ (၄၆) ရုံရှိပြီး ယခု ရောက်ရှိလာသော မဲရုံ (၄၀) တွင် NLD မှ အနိုင်ရထားပြီဖြစ်ပြီး ကျန်ရှိနေသော မဲရုံ (၆) ရုံတို့မှာလည်း NLD က သာအသာစီးရထားကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားသည်။ မရှီကထောင်ရပ်ကွက် မဲရုံအမှတ် (၄၀) တွင် NLD ပါတီက ၁၀၅၁ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၉၁ မဲဖြင့် ပြည်နယ်လွတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် အနိုင်ရရှိခဲ့သည်။

No comments: