Monday, November 9, 2015

စကားမကျွံကြပါနဲ့ ၁၉၉၀ election နိုင်တုန်းက ကာနယ်ဦးကြည်မောင် ဘာပြောခဲ့သလဲ မှတ်မိကြမှာပါ အဲဒီသတိလက်လွတ်ပြောမိသွားတဲ့ စကားတခွန်းကြောင့် အားလုံးပွဲသိမ်း အောင်ဖျာလိပ်ခဲ့ကြရပါတယ်။

စကားမကျွံကြပါနဲ့
၁၉၉၀ election နိုင်တုန်းက
ကာနယ်ဦးကြည်မောင်
ဘာပြောခဲ့သလဲ မှတ်မိကြမှာပါ
အဲဒီသတိလက်လွတ်ပြောမိသွားတဲ့
စကားတခွန်းကြောင့် အားလုံးပွဲသိမ်း
အောင်ဖျာလိပ်ခဲ့ကြရပါတယ်။

ယခုအချိန်ထိဘယ်သူမှ
တရားဝင်မနိုင်သေးဘူးနော်
FB အနိုင်ပဲရှိတာပါ။

နောက် ၃-လ ပါးစပ်ပိတ်မထားနိုင်ရင်
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ဖြစ်ကြရလိမ့်မယ်။

အထူးသဖြင့် စကားတွေ စည်းလွတ်ဝါးလွတ်
ဖေါင်းလာတာကို Online ပေါ်မှာစမြင်နေရပါပြီ
ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးလွှင့်ပစ်
ရတဲ့ ဘဝမရောက်ကြပါစေနဲ့ခင်ဗျာ။

တစ်ခုတော့ပြောပါရစေ...
နိုင်ငံရေး လောကထဲမှာ
ဘယ်လောက်ပဲတူးတူးခါးခါး မုန်းမုန်း
တစ်ဦးကိုတစ်ဦး လက်ဆွဲနှုတ်မဆက်နိုင်ရင်
အမုန်းတွေကို သင်ပုန်းမချေ နိုင်ရင်
ငြိမ်းချမ်းရေးဆိုတာ ဟို...အဝေးကြီးမှာပါ။

ကမ္ဘာ့ ခေတ်သစ်သမိုင်းမှာ နယ်လဆင် မင်ဒဲလားလောက်
နှိပ်စက်ညှင်းပန်းခံခဲ့ရတဲ့သူ မရှိနိုင်ပါဘူး
သူအောင်ပွဲရလာတော့
အမုန်း အာဃာတတွေ အားလုံးကို သင်ပုန်းချေပြီး
လှပတဲ့ ဒီမိုကရက်တစ်နိုင်ငံ တစ်နိုင်ငံကိုတည်ဆောက်
ပြခဲ့ပါတယ်... အတုယူနိုင်ကြပါစေ။
ငြိမ်းချမ်းပါစေ မြန်မာပြည်။

                                    မေတ္တာဖြင့်
                                    ဒေါက်တာကိုကိုကြီး

No comments: