ကြိုတင်မဲဆိုတာ ဘာလဲ ?
==============
ကြိုတင်မဲ နှစ်မျိုးရှိတယ် ...
(၁) တစ်ခုက မြို့ နယ် ရွေးကော်ကို ပို့ ရမယ့် မဲ ...
ပြည်ပကိုရောက်နေတဲ့  သူတွေ ...
တာဝန်နဲ့ အဝေးကို ရောက်နေတဲ့  ...
တပ်မတော်သားတွေနဲ့  မိသားစုတွေ ...
အကျဉ်းကျနေသူတွေ ...
စသဖြင့် စသဖြင့် သူတို့ ပေးတဲ့ မဲတွေ ....
ဒီမဲအားလုံးကို ....
၈ရက်နေ့  ညနေ လေးနာရီ နောက်ဆုံးထားပြီး ....
မြို့ နယ် ရွေးကော်ကို ပို့ ရတယ် ...
( ၂) နောက်တစ်ခုက ဒီမှာပေးတဲ့ မဲ ....
တာဝန်ကျဝန်ထမ်းတွေ ...
နေမကောင်းဖြစ်နေသူတွေ ...
ခရီးထွက်ရမယ့် သူတွေပေးတာ ...
နိုဝင်ဘာ ၁ရက်ကနေ ၇ရက်အတွင်းပေးရတယ် ...
ဒီမဲတွေကို ရပ်ကျေးကော်မရှင်က မဲရုံမှူးဆီ ...
မဲရုံမဖွင့်ခင် ၆နာရီမထိုးခင် ပို့ ထားရတယ် ....
( မင်္ဂလာဒုံမှာ ပြသနာတက်နေတာ အာ့ကိစ္စ ...
မနေ့ ကတည်းက သူ့ ဆီလာပေးထားတဲ့ ...
ကြိုတင် မဲ တွေကို ...
ရပ်ကျေးကော်မရှင်က ...
မနက် ၇နာရီ ၁၅ မှ သွားပို့ တယ် ...
NLD က ကန့် ကွက်တယ် ...
ပယ်မဲ ဖြစ်သွားတယ် ...
ခု သောက်ပြသနာ တက်နေတယ်
တိုင်းကော်မရှင် အာ့ကိစ္စဖြေရှင်းပေးအုန်း )
ကြိုတင်မဲ ပေးထားသူ အားလုံးရဲ့  စာရင်းကို ...
ရပ်ကျေးကော်မရှင်က ပုံစံ၁၃မှာ ဖြည့်ပြီး ...
မဲရုံမှူးကို ပေးထားရတယ် ...
နှစ်ခါပေးလို့ မရအောင် လုပ်ထားတာ ...
ညနေ မဲရုံပိတ်ရင် မဲရေတွက်တယ် ...
ခုနက ကြိုတင်မဲကို အရင်ရေတွက်တယ် ...
ပြီးရင် ပုံမှန်မဲစာရင်းကို ရေတွက်တယ် ...
အားလုံးပေါင်း မဲရလာဒ်ကို ပုံစံ ၁၆ မှာဖြည့်တယ် ...
ပယ်မဲကို ပုံစံ ၁၇ မှာဖြည့်တယ် ...
မဲရုံမှူး လက်မှတ်ထိုးတယ် ...
ကိုယ်စားလှယ်လောင်းအားလုံး ပုံစံ၁၆ တစ်စုံစီရတယ် ...
အားလုံးပြီးရင် မဲတွေကို ချိတ်ပိတ်ပြီး ...
မြို့ နယ်ကော်မရှင်ကို ပို့ တယ် ...
ကော်မရှင်က မဲရုံတွေက မဲအားလုံးစုံပြီဆိုရင် ....
အားလုံးရှေ့ မှာ ....
သူ့ ဆီရောက်နေတဲ့  ပြည်ပက ကြိုတင်မဲတွေကို ...
ရေတွက်တယ် ...
ရလာဒ်ကို ပုံစံ ၁၈ မှာ ဖြည့်တယ် ...
ပြီးရင် ခုနက ပုံစံ ၁၆က မဲရယ် ...
ပုံစံ ၁၈ က မဲရယ်ကို ပေါင်း ...
ပုံစံ ၁၉ မှာဖြည့်တယ် ....
ပုံစံ ၁၉ ဟာ Final Result ....
ပြောချင်တာက ....
သန်းခေါင်ယံ ကြိုတင်မဲလို့  ...
ဖျင်ပြဲအောင်အော်နေတဲ့ ငပိန်းတွေ...
စာ များများဖတ်လို့  ပြောချင်တာ ... ။ ။
( ရဲမိုး )
No comments:
Post a Comment