ဒေါ်အောင်ဆန်းစုကြည် ထံမှ တွေ့ဆုံနိုင်ရေးစီစဉ်ပေးရန် မေတ္တာရပ်ခံသည့်စာကို သမ္မတကြီး လက်ခံရရှိပြီးဖြစ်ပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့ မှာပြောကြားခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်း မှာ
" အစိုးရ၊တပ်မတော်အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများရဲ့ ရလဒ်ကို လေးစားလိုက်နာသွားမှာဖြစ်ကြောင်း ထပ်မံပြောကြားလိုပါတယ်။ "
" ရွေးကောက်ပွဲ အပြီး ကြားကာလ တည်ငြိမ်အေးချမ်းမှုရှိစေဖို့အတွက်လည်း နိုင်ငံရေး အင်အားစုများမှ ခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာသွားမှာ ဖြစ်ပါတယ် "
ဟု ထည့်သွင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။
ဒါ့ကြောင့် တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆို်င်ရာလုပ်ငန်း များပြီးဆုံးချိန်တွင် နှစ်ဘက်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ထံသို့ ယနေ့ နံနက်တွင် အကြောင်းပြန်ကြားခဲ့ပြီးဖြစ်ပါတယ်။
No comments:
Post a Comment