သမိုင်းသစ်ရေးထိုးသွားကြသော ခေါင်းဆောင်များ !!
%%%%%%%%%%%%%%%%%%%%%%
(၁)
ဦးတင်အေး !!
သူပြောထားခဲ့တဲ့စကားအတိုင်း ရွေးကောက်ပွဲကြီးကို ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာ ကျင်းပပေးခဲ့ပြီး မြန်မာ့ဒီမိုကရေစီရဲ့ သမိုင်းစာမျက်နှာမှာ သူ့နာမည်ကို ရေးထိုးခဲ့တာဟာ လက်ရှိ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြောက်ခမန်းလိလိ ရွေးကောက်ပွဲအောင်မြင်မှု ရလာဒ်တွေက ငြင်းမရတဲ့ သက်သေတွေဖြစ်ခဲ့ရပါတယ်!!
သူ့ရဲ့ ရွေးကောက်ပွဲအပေါ်ရပ်တည်မဲ့ ရပ်တည်မှု အတိမ်းအစောင်းချိန်ခွင်လျှာဟာ အခန့်မသင့်ရင် တိုင်းပြည်ပြိုကွဲသွားနိုင်တဲ့အထိ သက်ရောက်နိုင်တဲ့အတွက် ဒီမိုကရေစီအကူးအပြောင်းအတွက် သူဟာ မှတ်တမ်းတင်ထားသင့်တဲ့သူတစ်ဦးလို့ဘဲ ဆိုလိုက်ချင်ပါတယ်!!
%%%%%%%%%%%%%%%%%%%%%%
(၂)
သမ္မတကြီး
မိမိရဲ့ အာဏာရလက်ရှိပါတီကိုဦးဆောင်ပြီး မည်သည့်အာဏာ အခွင့်အရေးကိုမျှ ဥပဒေပြင်ပမှ မယူခဲ့ဘဲ ရွေးကောက်ပွဲကို ရိုးသားစွာ ယှဉ်ပြိုင်ခဲ့ပါတယ်!!
ထွက်ပေါ်လာတဲ့ ရလာဒ်ကိုလည်း လေးလေးစားစား လက်ခံပြီး နောက်တက်လာမဲ့ အစိုးရလက်ထဲကို အေးအေးချမ်းချမ်း လွဲပြောင်းသွားမယ်လို့လဲ အကြိမ်ကြိမ် ပြောကြားထားခဲ့တဲ့အတွက် မြန်မာ့ဒီမိုကရေစီ သမိုင်းစာမျက်နှာမှာ သမ္မတကြီးအတွက် နေရာတစ်နေရာ မပေးမဖြစ် ပေးသင့်တဲ့ အနေအထားပါ!! အာဏာရအစိုးရကိုဦးဆောင်ထားသူပီပီ သမ္မတကြီးသာ ရွေးကောက်ပွဲအပေါ် အာဏာကိုအလွဲသုံးစား ပြုလုပ်လိုက်ပါက တိုင်းပြည်ပြိုကွဲနိုင်သည်အထိ သက်ရောက်နိုင်တဲ့အတွက် ဒီမိုကရေစီအကူးအပြောင်းအတွက် သူဟာလည်း နောက်ထပ် မှတ်တမ်းတင်ထားသင့်တဲ့သူတစ်ဦးလို့ဘဲ ဆိုလိုက်ချင်ပါတယ်!!
%%%%%%%%%%%%%%%%%%%%%%
(၃)
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် !!
ဒီမိုကရေစီခေတ်သစ်ရဲ့ ပထမဦးဆုံးကာကွယ်ရေးဦးစီးချုပ်ပါ !! သမာသမတ်ရှိမှု!! ရိုးသားမှု !! လက်အောက်ငယ်သားတွေအပေါ် ဖခင်ကောင်းတစ်ယောက်ကဲ့သို့ ပြုကျင့်ပီသမှုမှာ စံနမူနာ ထားသင့်တဲ့ တပ်မတော်ခေါင်းဆောင်တစ်ယောက်ပါ!!
သူကလည်း ပြည်သူလူထုကို လေးစားမြတ်နိုးသောအားဖြင့် ရွေးကောက်ပွဲမှာ ပြည်သူလူထုတင်မြောက်လိုက်တဲ့ပါတီကို လုံးဝ လက်ခံပါမယ်လို့ မီဒီယာတွေကို ပူပူနွေးနွေးပြောကြား ထားခဲ့ပါတယ်!! တိုင်းပြည်ရဲ့တစ်ခုတည်းသော လက်နက်ကိုင်တပ်မတော်ကြီးရဲ့ အကြီးအကဲဖြစ်ပြီး ပြည်သူလူထုတင်မြောက်လိုက်တဲ့ ရွေးချယ်ခံပါတီကို လေးလေးစားစား လက်ခံလိုက်တဲ့အတွက် မန်မာ့ဒီမိုကရေစီ သမိုင်းစာမျက်နှာမှာ ကာချုပ်ကြီးအတွက် နေရာတစ်နေရာ ပေးမှဘဲ သင့်တော်မဲ့ အနေအထားပါ!!
သူ့ရဲ့ ရပ်တည်မှု မမှန်ကန်ခဲ့ပါက တိုင်းပြည်ရဲ့ အနေအထားဟာ အများကြီး ရှုပ်ထွေးသွားနိုင်တဲ့အတွက် ဒီမိုကရေစီအကူးအပြောင်းအတွက် သူဟာလည်း နောက်ထပ် မှတ်တမ်းတင်ထားသင့်တဲ့သူတစ်ဦးလို့ဘဲ ဆိုလိုက်ချင်ပါတယ်!!
%%%%%%%%%%%%%%%%%%%%%
(၄)
ဒေါ်အောင်ဆန်းစုကြည် !!
မြန်မာပြည်ကို မြင်းကောင်ရေအားအပြည့်နဲ့ ခုတ်မောင်းတော့မဲ့ ဒီမိုကရေစီရထားကြီးတစ်စင်းအဖြစ် သူမရဲ့ နောက်ဆုံးအချိန်မှာ ပုံဖေါ်လိုက်ပါပြီ !!
အသက်အရွယ်အရ အကျပိုင်းအနေအထားကို ရောက်နေပေမဲ့ မြန်မာ့သမိုင်းမှာ အားအင်အပြည့်အဝဆုံး အပင်ပန်းခံနိုင်ဆုံး ဒီမိုကရေစီသူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး အကြီးမားဆုံး ဒီမိုကရေစီ အပြောင်းအလဲကို ထပ်ဆင့်ဖေါ်ဆောင်နိုင်ထားခဲ့ပါတယ်!
သူမအတွက်ကတော့ ဒီမိုကရေစီအကူးအပြောင်းမှာ မှတ်တမ်းတင်ထားရမဲ့ ခေါင်းဆောင်ဆိုတာထက် လေးနက်မဲ့ဝေါဟာရရှိမှဘဲ ဖြစ်တော့မှာပါ!!
%%%%%%%%%%%%%%%%%%%%%%
(၅)
ပြည်သူ !!
ထပ်ဆင့်ဒီမိုကရေစီ အပြောင်းအလဲကို အရိုးသားဆုံး ပြောင်းလည်းပေးတဲ့ ခေါင်းဆောင်ကလည်း ပြောင်းလဲ ပေးခဲ့ပါပြီ!!
အဲဒီအပြောင်းအလည်းကို အေးချမ်းစွာ နောင်တက်လာမဲ့ အစိုးရသစ်ကို လွဲပြောင်းပေးမဲ့ ခေါင်းဆောင်ကလည်း အသင့်ဖြစ်နေပြီ!!
အဲဒီတက်လာမဲ့ ပြညသူလူထုက တင်မြောက်လိုက်တဲ့ အစိုးရသစ်ကို အသိမှတ်လိုက်တဲ့ ခေါင်းဆောင်ကလည်း အသိမှတ်ပြုပြီးပါပြီ !!
ပြည်သူတွေအားလုံးကို ပြင်းထန်တဲ့ မြင်းကောင်ရေအား အပြည့်ရှိတဲ့ ဒီမိုကရေစီရထားကြီးနဲ့ ဆက်လက် ခုတ်မောင်းခေါ်ဆောင်သွားမဲ့ လူထုခေါင်းဆောင်ကြီးကလည်း အဆင်သင့်ဖြစ်နေပါပြီ!!
-
-
-
အားလုံး !! အားလုံးဟာ !!
အစစ အရာရာ ပြီးပြည့်စုံနေပါပြီ !!
-
-
-
ကျနော်တို့တစ်တွေ အဲဒီ့ ဒီမိုကရေစီရထားကြီးပေါ်မှာ စည်းကမ်းရှိရှိနဲ့ နိုင်ငံကြီးသားပီသစွာ စီးနင်းလိုက်ပါဘို့ အတွက် အဆင်သင့်ဖြစ်နေပါပြီလား !! !!
-
-
-
ဟုတ်ကဲ့ !!
-
-
-
ကျနော်တို့တွေ ပြောင်းလဲဘို့ တကယ်အချိန်တန်နေပါပြီ!!
-
-
-
-
-
ခိုင်ဇော် —
No comments:
Post a Comment