Monday, November 9, 2015

မနေ့က မနက်အစောကြီး ဒါမှမဟုတ် ညဦးကတည်းက ခုချိန်ထိမအိပ်သေးတဲ့သူတွေ အားလုံးကို လေးစားပါတယ် ကိုယ်တိုင်လည်း တစ်ညလုံးနီးပါးစာတွေလိုက်ဖတ်နေခဲ့ပါတယ်

မနေ့က မနက်အစောကြီး ဒါမှမဟုတ် ညဦးကတည်းက ခုချိန်ထိမအိပ်သေးတဲ့သူတွေ အားလုံးကို လေးစားပါတယ်

ကိုယ်တိုင်လည်း တစ်ညလုံးနီးပါးစာတွေလိုက်ဖတ်နေခဲ့ပါတယ်

နောက်ကမှရောက်လာတဲ့ ကြိုတင်မဲဆိုတာတွေကို ဖတ်ရတော့ ထုံးစံအတိုင်း ညစ်ပြန်ပြီဆိုတာ သိပြီးဒေါသထွက်ခဲ့ရပါတယ်

ဒါပေမယ့် ကိုယ်တိုင်ဒီနေ့ ရပ်ကွက် မဲရုံခွဲလေးမှာလုပ်အားပေးထားတာရယ် ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ထားတဲ့ ကြိုတင်မဲရဲ့အဓိပ္ပါယ်သတ်မှတ်ချက်ရယ်ကြောင့် နည်းနည်းစိတ်ကိုအေးထားနိုင်ပါတယ် စိတ်ကိုအေးထားတယ်ဆိုတာ စိတ်လျှော့တာမဟုတ်ပါဘူး သွေးအေးအေး ခေါင်းအေးအေးထားဖို့ကို ပြောတာပါ
မဲပေးချိန် ၄နာရီကျော်ပြီးမှ မဲတွေကို စရေတွက်တော့မယ်ဆိုတာနဲ့ကြိုတင်မဲတွေကို အရင်စရေတွက်တာပါ ပြီးမှ ပြည်သူများကိုယ်တိုင် လာရောက်ဆန္ဒပြုသွားတဲ့ မဲများကို စတင်ရေတွက်တာပါ အားလုံးသောမဲရုံများဟာလည်း ဒီအတိုင်းလုပ်ကြရပါတယ် ပြီးသွားတဲ့အခါမှာ လာရောက်ကြည့်ရှု့နေတဲ့ သက်ဆိုင်ရာကိုယ်စားလှယ်များက ပုံစံ ၁၆ဆိုတာမှာ ဖြည့်ပြီး သူတို့ကိုယ်တိုင် လက်ခံတစ်စုံယူတားပြီး သက်ဆိုင်ရာ အမတ်လောင်းများကိုတစ်စုံပေးရပါတယ်
အဲဒီပုံစံ ၁၆ စာရင်းနဲ့ ကွာနေရင် ရွေးကော်ကို ကွန်ပလိန့်တက်ခွင့ရှိပါတယ်

တစ်ချို့သော တက်လာတဲ့စာများ သတင်းများဟာ တစ်ကယ်မဟုတ်သေးပဲ လူထုစိတ်တိုအောင် စည်းလွတ်ဝါးလွတ်ဖြစ်အောင် လုပ်နေတဲ့ စာတွေဖြစ်နေတာတွေ့ရပါတယ်

ပြည်သူတွေအကုန်လုံးကို သတင်းပေး သတိပေးချင်တာက သွေးအေးအေး ခေါင်းအေးအေး ထားကျပါ ကျွန်မတို့စောင့်လာတာ နှစ်ဆယ်ဂဏန်းပေါင်းများစွာရှိပါပြီ အဖွဲ့ချုပ်အနေနဲ့လည်း ဖြေရှင်းနိုင်တဲ့နည်းလမ်းများစွာ ပညာရှင်များစွာရှိပါတယ်

ဒါပေမယ့် အဖက်ဖက်ကစဉ်းစား လာတဲ့ sourse တွေမှန်မမှန်အတည်ပြုနဲ့ ချက်ခြင်းတော့ အဖြေမှန်မထွက်လာနိုင်သေးပါဘူး

သေချာတဲ့ သတင်းဌာန အဖွဲ့ချုပ်က တရားဝင်သတင်းတွေကိုသာ သေချာနားထောင်ကြပါ

တစ်ချို့  တစ်ချို့လိုက် share နေတာတွေကို မသေချာပဲ သတိလက်လွတ် ထပ် share တာ မလုပ်မိပါစေနဲ့

နိုင်ငံတကာကလည်း သတိထားစောင့်ကြည့်နေတာလည်း ရှိတာမို့ ပြည်သူများ သွေးအေးအေး ခေါင်းအေးအေးထားပြီး တစ်ဖက်ကလိုချင်တဲ့ လှည့်ကွက်ထဲ မဝင်မိဖို့ အထူးသတိထားစေချင်ပါတယ်

No comments: