Saturday, November 14, 2015

မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသတစ်လျှောက် တိုင်းရင်းသားညီနောင်များနှင့် မြန်မာ့တပ်မတော်တို့ သမိုင်းဝင်နိုင်လောက်တဲ့ စစ်ပွဲများ ဆင်နွှဲရ တော့ မည်လား

မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသတစ်လျှောက် တိုင်းရင်းသားညီနောင်များနှင့် မြန်မာ့တပ်မတော်တို့  သမိုင်းဝင်နိုင်လောက်တဲ့ စစ်ပွဲများ ဆင်နွှဲရ တော့ မည်လား

မြန်မာနိုင်ငံ၏ အစိုးရ အပြောင်းအလဲကို အခွင့်ကောင်းယူ၍ KIA အဖွဲ့သည် ပြည်နယ်ခွဲထွက် ခွင့်တောင်းခံပေတော့သည် တရုတ်ရဲ့ သွေးထိုးလှုပ် ဆော်မှု ပံ့ပိုးမှုတွေနဲ့  မြန်မာပြည်ကို ကစဥ့်ကလျား ကမောက်ကမ ဖြစ်အောင် တရုတ်ကြီး ကြံဆောင်လေပြီ တစ်ဖက်ကလဲ အစိုးရသစ်ကို  အပြည့်အဝထောက်ခံအားပေးသယောင်နဲ့  မြန်မာပြည်ကို အခြေချရဖို့ အမေရိကန်ကြီး နည်းမျိုးစုံနဲ့ ကြံလေပြီ အင်အားကြီးနှစ်နိုင်ငံရဲ့ နိုင်ငံရေးကစားကွက်ထည်းမှာ ဒို့နိုင်ငံက ခေါင်းဆောင် တွေ ဘယ်လို လိမ္မာပါးနပ်းစွာ ဆက်ဆံမလဲဆိုတာ သိဖို့နားလည်ထားဖို့ ပြတ်သားဖို့  အင်မတန်လိုအပ် လှပါတယ်

တရုတ်ကလဲ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပြည်နယ်တစ်လျှောက်က တိုင်းရင်းသား လက်နက်ကိုင်တွေကို စည်းရုံးသွေးဆောင် သွေထိုး ပေးတော့မှာကတော့ မလွဲဧကန်ပါပဲ  မြန်မာ့တပ်မတော်သားများအနေနဲ့ တိုင်းရင်းသားညီနောင်များနှင့် စစ်ပွဲတွေ မလွဲမသွေ ရင်ဆိုင်ရတော့မည့် အရေးဖြစ်ပါတယ်

အနောက်အုပ်စုနိုင်ငံ အမေရိကန်ကြီးကလဲ  မြန်မာပြည်ကို ခုလိုဒီမိုကရေစီ လူအခွင့်အရေး ဗန်းပြကာ တရုတ်ကိုထိန်းချုပ်နိုင်ဖို့အရေး လက်ရှိအစိုးရသစ်ဖြစ်လာမဲ့အဖွဲ့အစည်းကို လျိုဝှက်တစ်မျိုး လက်တွေ့တစ်မျိုး ကူညီထောက်ပံ့အားပေးလာခဲ့တာကတော့ ခုမှမဟုတ်ပါဘူး 
၈၈ ၉၀ အရေးအခင်းတွေမှာကတည်းက အမေရီကန် တိုက်လေယာဉ်တင်စစ်သင်္ဘောတွေဟာ မြန်မာ့ရေ ပိုင်နက်ထိ ကျူးကျော်ဝင်ရောက်လာခဲ့ဖူးပါတယ် ခုချိန်မှာတော့သူတို့ မျှော်လင့်ထားတဲ့ အစိုးရသစ် တက်လာတော့မှာဖြစ်တဲ့အတွက် မြန်မာပြည်ကို နည်းမျိုးစုံနဲ့ ဝင်နိုင်ဖို့ ကြိုးစားလာတော့မှာ မလွဲဧကန်ပါပဲ ခုရွေးကောက်ပွဲ မဲနိုင်ကာလ အခြေအနေပဲ ရှိသေးတယ် အမေရိကန်နိုင်ငံရဲ့ ခြေလှမ်းတွေဟာ တစ်ခြားနိုင်ငံတွေထက် ခက်လှမ်းလှမ်းတွက်လာတာကို ဒီကနေ့မှာပဲ အမေရိကန် သံအမတ်ကြီး သမ္မတဦးသိန်းစိန်နဲ့ ဆွေးနွေးဖို့အရေး လာရောက်တွေ့ဆုံတာကို ကြည့်ချင်းအားဖြင့် သဘောပေါက်နိုင်ပါတယ်

မည်သို့ပင် ဆိုစေကာမူ အင်အားကြီး နှစ်နိုင်ငံ အားပြိုင်လွန်းထိုးမှုမှာကြားနေ နိုင်ငံငယ်လေးဖြစ်တဲ့ မြန်မာပြည်က ထိပ်တန်းခေါင်းဆောင်တွေအနေနဲ့ ဘယ်လို လိမ္မာပါးနပ်စွာ ထိန်းညှို ဆက်ဆံမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်

လက်တလောအခြေအနေအရကတော့  မြန်မာပြည် မြောက်ဖျားဒေသတွေမှာ စစ်ပွဲတွေ အဆမတန်ဖြစ်ပွါး လာဖို့အရေးပဲ ရှိပါတယ် တရုတ်ရဲ့ ကျူးကျော်စစ် မဟုတ်ပေမဲ့  ကျောထောက်နောက်ခံ သွေးထိုးမှု စစ်ပွဲတွေ  ဖြစ်လာတော့မှာကို ထိန်းချုပ်တားဆီးနိုင်ဖို့ စောင့်ကြည့်နေယုံပဲ ရှိပါတော့တယ် ခင်ဗျားး

နောက်ဆက်တွဲ သတိထားရမဲ့ အချက်ကတော့ မြန်မာပြည်အနောက်ဘက်တံခါး လုံခြုံရေး မလစ်ဟင်း စေဖို့ပါပဲ ဒီမိုကရေစီ ဖော်ဆောင်လာတာ နောက်သက်တမ်း ငါးနှစ်အတွင်းမှာ ဖြစ်လာနိုင်တဲ့  လူ့ခွင့်ရေးအကြောင်းပြကာ ခိုးဝင်ဘင်္ဂါလီ အရေးပါပဲ  တပ်မတော်ရဲ့ မြောက်ပိုင်းဒေသ အာရုံစိုက်နေမှုကို အခွင့်ကောင်းယူကာ ထိုင်း တောင်ပိုင်းလို ပြည်နယ် တောင်းခံမလာနိုင်ပါဘူးလို့ မည်သူ အာမခံနိုင်ပါမည်နည်း သို့မဟုတ်ပါက ဆူပူသောင်းကျန်းလာနိုင်ပါ တယ်  တပ်မတော်အနေနဲ့ သတိကြီးစွာ နိုင်ငံတော် လုံခြုံရေးကို အပြည့်အဝ အာရုံစိုက်ဖို့ လိုအပ်ပါလိမ့်မယ် ဒို့ ပြည်သူများကလဲ တတ်နိုင်တဲ့ဘက်က တပ်မတော်နဲ့ ဝိုင်းဝန်းလက်တွဲ ကူညီဆောင်ရွက်ကြပါစေချင်ကြောင်း တင်ပြလိုက်ပါတယ်


မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသတစ်လျှောက် တိုင်းရင်းသားညီနောင်များနှင့် မြန်မာ့တပ်မတော်တို့  သမိုင်းဝင်နိုင်လောက်တဲ့ စစ်ပွဲများ ဆင်နွှဲရ တော့ မည်လား


မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသတစ်လျှောက် တိုင်းရင်းသားညီနောင်များနှင့် မြန်မာ့တပ်မတော်တို့  သမိုင်းဝင်နိုင်လောက်တဲ့ စစ်ပွဲများ ဆင်နွှဲရ တော့ မည်လား


No comments: