Friday, November 6, 2015

ဒေါ်အောင်ဆန်းစုကြည်သာအနိုင်ရခဲ့ပါက နိုင်ငံသားအခွင့်အရေးရမည်ဟု ဘင်္ဂါလီများယုံကြည်

ဒေါ်အောင်ဆန်းစုကြည်သာအနိုင်ရခဲ့ပါက နိုင်ငံသားအခွင့်အရေးရမည်ဟု ဘင်္ဂါလီများယုံကြည်
ဒေါ်အောင်ဆန်းစုကြည်သာအနိုင်ရခဲ့ပါက ၄င်းတို့အနေဖြင့် နိုင်ငံသားအခွင့်အရေးရမည်ဟု ဘင်္ဂါလီများက မျှော်လင့်နေကြောင်း ကမ္ဘာကျော် foreign policy မဂ္ဂဇင်းကြီးတွင် ဖော်ပြထားသည်။ The Lady and the Trampled-Myanmar’s persecuted Rohingyas want more from the country’s most popular politician ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်သည် လူများစုဗုဒ္ဓဘာသာများထံမှ မဲမရမည်ကိုစိုးရိမ်သည့်အတွက် ရိုဟင်ဂျာအခွင့်အရေးအတွက် ပြောကြားပေးခြင်းမရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ရိုဟင်ဂျာများဖက်မှ ပြောကြားမပေးသည့် အတွက် နိုင်ငံတကာအသိုင်းအဝိုင်း က ပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင် နေရကြောင်း၊ ပြီးခဲ့သည့် မေလတွင် ဒလိုင်လားမားကရိုဟင်ဂျာအခွင့်အရေးအတွက် ဒေါ်စုအနေဖြင့် တစ်ခုခုလုပ်ပေးရန် တိုက်တွန်းခဲ့သော်လည်းဒေါ်စုအနေဖြင့် ဗုဒ္ဓဘာသာဝင်များထံမှ မဲမရမည်စိုးသဖြင့် ရိုဟင်ဂျာဆိုသော အသုံးအနှုန်း ကိုပင် လူသိရှင်ကြားသုံးစွဲရန် ရှောင်ရှားခဲ့ကြောင်း၊ မြန်မာအစိုးရကရိုဟင်ဂျာများကို မြန်မာတိုင်းရင်းသားမဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသုများဟုအဓိပ္ပါယ်ဖြင့် ဘင်္ဂါလီဟုခေါ်သည့် အသုံးအနှုန်းကိုလည်း သုံးစွဲခြင်းမပြုပဲလူနည်းစုတိုင်းရင်းသားများဟုသာ အခြားတိုင်းရင်းသားများ နှင့် ရောချပြီးသုံးစွဲကြောင်းဖော်ပြထားသည်။
သို့သော်လည်းရိုဟင်ဂျာများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသည့် ဖိအားများကိုနားလည်ကြောင်း၊ လက်ရှိအချိန်တွင် ၄င်းတို့နိုင်ငံသားဖြစ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုလိုက်ပါကရွေးကောက်ပွဲတွင် ထိခိုက်နိုင်သည်ကိုသိရှိထားကြောင်း၊ ရွေးကောက်ပွဲတွင် NLD သာအနိုင်ရခဲ့ပါကမိမိတို့ရိုဟင်ဂျာများ အခွင့်အရေး ကိုဆောင်ရွက်ပေးမည်ဟုအသေအချာယုံကြည်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သာအာဏာရခဲ့လျှင် မိမိတို့ ရိုဟင်ဂျာ များတိုင်းရင်းသားဖြစ်ခွင့်ရမည်ဟု ယုံကြည်ကြောင်း စစ်တေမြို့ အောင်မင်္ဂလာမှ Mabiaအမည်ရှိ ဘင်္ဂါလီအမျိုးသမီးက ပြောကြားခဲ့သည်ဟုထိုဆောင်းပါးတွင် ဖော်ပြထားသည်။
“ကျွန်တော်လည်းဒါကိုသံသယဖြစ်နေတာ ကြာပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဘင်္ဂါလီတွေနဲ့ပတ်သက်တဲ့ ပေါ်လစီ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီကိုမေးတိုင်း ဘယ်တော့မှ မဖြေဘူး။ လူထုဆန္ဒပါဆိုပြီးဟိုလိုလို ဒီလိုလိုဝေ့ဝိုက်ပြောနေတယ်။ ဒေါ်စုပါးစပ်ကခုထိဘင်္ဂါလီဆိုတဲ့ စကားမပြောဘူး။ လူနည်းစုဆိုတဲ့ အသုံးအနှုန်းကိုပဲသုံးသွားတယ်။ ဘင်္ဂါလီအရေးကိုဒေါ်စု မပြောလို့ဆိုပြီး ဒလိုင်လားမားလို တိဗက် ဘာသာရေး ခေါင်းဆောင်က ပြောတယ်။ အိုအိုင်စီကဘာလို့ မပြောသလဲ။ ခင်ဗျားတို့ common sense နဲ့ စဉ်းစားကြည့် ။ ဘာမှသာအပေးအယူလုပ်မထားဘူးဆိုရင် အိုအိုင်စီကဘယ်နေမတုန်း။ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ အိုအိုင်စီနိုင်ငံတွေ ကြီးစိုးနေတာပဲ။ ဘင်္ဂါလီတွေ မျှော်မှန်းထားတဲ့အတိုင်းရွေးကောက်ပွဲမှာ NLD သာအနိုင်ရခဲ့မယ် ဆိုရင် ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ခွင့်သာမကမောင်တောခရိုင်ကခွဲထွက်ခွင့်တောင် ရသွားနိုင်တယ်။ ပြီးခဲ့တဲ့ ခြောက်လလောက် က စကော့တလန်ကိုဂရိတ်ဗြိတိန်ကခွဲထွက်ဖို့ လူထု ဆန္ဒခံယူပွဲလုပ်ခဲ့တာမှတ်မိကြမယ် ထင်ပါတယ်။ အဲဒီတုန်းကခွဲထွက်ဖို့ထောက်ခံမဲနည်းတဲ့အတွက် မခွဲထွက်လိုက်ရဘူး။ မောင်တောခရိုင်မှာ ပြည်ထောင်စုကခွဲထွက်ခွင့် ဆန္ဒခံယူပွဲလုပ်ရင် အဖြေဘယ်လို ထွက်မလဲဆိုတာလူတိုင်းသိမှာပါ။ ဘင်္ဂါလီတွေ ကိုယ့်နိုင်ငံထဲကလျော့သွားလို့ ဝမ်းသာရမှာလား၊ ခေတ်အဆက်ဆက် မြန်မာပိုင်နက်ကို ခိုးဝင်ကုလားတွေ လက်ထဲ အပြီးအပြတ်ရောက်သွားလို့ ဝမ်းနည်းရမှာလား၊ စဉ်းစားကြည့်ပေါ့ဗျာ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာသန်းထွန်းအောင်ကပြောကြားခဲ့သည်။
ပြည်သူ့အာဏာ

No comments: